
0
125

ARSA အစွန်းရောက် အကြမ်းဖက်အဖွဲ့ကို အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေနဲ့ အညီ ကြေညာထားပေမယ့် အဲဒီကြေညာချက်ကို နိုင်ငံတကာ သိအောင် လုပ်ဆောင်ဖို့ NLD အစိုးရ ပျက်ကွက်နေတယ်လို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဟောင်း ဦးခင်ရီက ပြောကြားလိုက်ပါတယ်။


ဒါ့အပြင် အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေနဲ့ အညီကြေညာချက်ကို နိုင်ငံတကာ သိအောင် လုပ်ဆောင်ဖို့နည်းလမ်း တွေကို နိုင်ငံခြားရေးဝန်ကြီးဌာနက ၀န်ထမ်းတွေအနေနဲ့ သိရှိပြီး ဖြစ်တာကြောင့် ညွှန်ကြားပေးဖို့ လိုအပ်နေတယ်လို့လည်း ထောက်ပြထားပါတယ်။
……………… ။ ။ ……………….

ARSA အစွန်းရောက် အကြမ်းဖက်အဖွဲ့ကို နိုင်ငံတကာ သိအောင် လုပ်ဖို့ NLD အစိုးရ ပျက်ကွက်နေ

ARSA အစွန်းရောက် အကြမ်းဖက်အဖွဲ့ကို အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေနဲ့ အညီ ကြေညာထားပေမယ့် အဲ့ဒီကြေညာချက်ကို နိုင်ငံတကာ သိအောင် လုပ်ဆောင်ဖို့ NLD အစိုးရ ပျက်ကွက်နေတယ်လို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဟောင်း ဦးခင်ရီက ပြောကြားလိုက်ပါတယ်။

ဒီဇင်ဘာလ ၁၉ ရက်နေ့က ရန်ကုန်မြို့ရှိ Melia Hotel မှာ ကျင်းပပြုလုပ်တဲ့ “ရခိုင်ပြည်နယ်အရေးနှင့် နိုင်ငံတော်၏ရှေ့အလားအလာ ဆွေးနွေးပွဲ” မှာ ပြောကြားလိုက်တာပါ။

ဒါအပြင် အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေနဲ့ အညီကြေညာချက်ကို နိုင်ငံတကာ သိအောင် လုပ်ဆောင်ဖို့နည်းလမ်း တွေကို နိုင်ငံခြားရေးဝန်ကြီးဌာနက ဝန်ထမ်းတွေအနေနဲ့ သိရှိပြီး ဖြစ်တာကြောင့် ညွှန်ကြားပေးဖို့ လိုအပ်နေတယ်လို့လည်း ထောက်ပြထားပါတယ်။

?bph6