ၿဖိဳးကိုကိုတင့္ဆန္းပါ သံုးဦးကို လက္နက္ ပုဒ္မ ၁၉ (စ) နဲ႔ထပ္မံအမႈဖြင့္

0
60

၂၀၁၇ ခုႏွစ္၊ ေအာက္တိုဘာလ ၅ ရက္ေန႔က ေနျပည္ေတာ္ေလဆိပ္မွာ ဖမ္းဆီးခဲ့တဲ့ ၿဖိဳးကိုကိုတင့္ဆန္းပါ သံုးဦးကို လက္နက္ပုဒ္မ ၁၉ (စ) နဲ႔ထပ္မံ အမႈဖြင့္ထားတယ္လို႔ ျပည္ထဲေရးဝန္ႀကီးဌာနက သတင္းထုတ္ ျပန္ထားပါတယ္။

ျမန္မာအမ်ိဳးသားေလေၾကာင္းလိုင္း နဲ႔ ရန္ကုန္ၿမိဳ႕ကို လုိက္ပါမယ့္ ခရီးသည္ ၿဖိဳးကိုကိုတင့္ဆန္း ရဲမင္းေဆြ၊ နဲ႔ ေဇာ္ဝင္းထိုက္၊ (၃၈)ႏွစ္ တိုကို ေအာက္တုိဘာ ၅ ရက္ေန႔က ေနျပည္ေတာင္ေလဆိပ္မွာ ဖမ္းဆီးခဲ့ၿပီး သူတုိ႔ရဲ႕ ခရီးေဆာင္အိတ္အတြင္းမွ ၉မမ ပစၥတို ၂လက္၊ ၎က်ည္ ၇၂ ေတာင့္ နဲ႔ WYစာတမ္းပါ စိတ္ႂကြေဆးျပား ၁၂ ျပား၊ ICE ၁.၅ ဂရမ္တို႔ ေတြ႕ရွိခဲ့ပါတယ္။

ၿဖိဳးကိုကိုတင့္ဆန္း ပါ ၃ ဦးကို ေအလာနယ္ေျမရဲစခန္း မယ(ပ)၃/ ၂၀၁၇၊ မူး/စိတ္ပုဒ္မ ၁၅/၁၆(ဂ)/၂၂(ခ)/ ၂၁နဲ႔ အမွုဖြင့္အေရးယူခဲ့ၿပီး အမငကို မႈခင္းရဲတပ္ဖြဲ႕က ေအာက္တိုဘာလ ၂၁ ရက္ေန႔မွာ လႊဲေျပာင္းစစ္ေဆးၿပီး ျပည္ေထာင္စုေရွ႕ေနခ်ဳပ္႐ုံးဆီ ဥပေဒ အႀကံျပဳခ်က္ေတာင္းခံခဲ့ရာ ျပည္ေထာင္စုေရွ႕ေနခ်ဳပ္႐ုံး တရားစြဲ နဲ႔ အမွုလိုက္ ဦးစီးဌာနမွ ဒီဇင္ဘာလ ၁၂ ရက္ေန႔ ရက္စြဲနဲ႔ ပစၥတို ၂ လက္ႏွင့္က်ည္မ်ား သိမ္းဆည္းရမိမွုအေပၚ လက္နက္ပုဒ္မ ၁၉(စ)နဲ႔ သီးျခားထပ္မံ အမွုဖြင့္ရန္ အႀကံျပဳ ျပန္ၾကားလာခဲ့တဲ့အတြက္ (ပ)၃၂၉/၂၀၁၇၊ လက္နက္ပုဒ္မ ၁၉(စ) နဲ႔ထပ္မံအမႈဖြင့္ စစ္ေဆးေနတာျဖစ္ပါတယ္။
……………… ။ ။ ………………

ဖြိုးကိုကိုတင့်ဆန်းပါ သုံးဦးကို လက်နက် ပုဒ်မ ၁၉ (စ) နဲ့ထပ်မံအမှုဖွင့်

၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်နေ့က နေပြည်တော်လေဆိပ်မှာဖမ်းဆီးခဲ့တဲ့ ဖြိုးကိုကိုတင့်ဆန်း ပါ သုံးဦးကို လက်နက်ပုဒ်မ ၁၉ (စ) နဲ့ထပ်မံ အမှုဖွင့်ထားတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ် ပြန်ထားပါတယ်။

မြန်မာအမျိုးသားလေကြောင်းလိုင်း နဲ့ ရန်ကုန်မြို့ကို လိုက်ပါမယ့် ခရီးသည် ဖြိုးကိုကိုတင့်ဆန်း ရဲမင်းဆွေ၊ နဲ့ ဇော်ဝင်းထိုက်၊ (၃၈)နှစ် တိုကို အောက်တိုဘာ ၅ ရက်နေ့က နေပြည်တောင်လေဆိပ်မှာ ဖမ်းဆီးခဲ့ပြီး သူတို့ရဲ့ ခရီးဆောင်အိတ်အတွင်းမှ ၉မမ ပစ္စတို ၂လက်၊ ၎င်းကျည် ၇၂ တောင့် နဲ့ WYစာတမ်းပါ စိတ်ကြွဆေးပြား ၁၂ ပြား၊ ICE ၁.၅ ဂရမ်တို့ တွေ့ရှိခဲ့ပါတယ်။

ဖြိုးကိုကိုတင့်ဆန်း ပါ ၃ ဦးကို အေလာနယ်မြေရဲစခန်း မယ(ပ)၃/ ၂၀၁၇၊ မူး/စိတ်ပုဒ်မ ၁၅/၁၆(ဂ)/၂၂(ခ)/ ၂၁နဲ့ အမှုဖွင့်အရေးယူခဲ့ပြီး အမငကို မှုခင်းရဲတပ်ဖွဲ့က အောက်တိုဘာလ ၂၁ ရက်နေ့မှာ လွှဲပြောင်းစစ်ဆေးပြီး ပြည်ထောင်စုရှေ့နေချုပ်ရုံးဆီ ဥပဒေ အကြံပြုချက်တောင်းခံခဲ့ရာ ပြည်ထောင်စုရှေ့နေချုပ်ရုံး တရားစွဲ နဲ့ အမှုလိုက် ဦးစီးဌာနမှ ဒီဇင်ဘာလ ၁၂ ရက်နေ့ ရက်စွဲနဲ့ ပစ္စတို ၂ လက်နှင့်ကျည်များ သိမ်းဆည်းရမိမှုအပေါ် လက်နက်ပုဒ်မ ၁၉(စ)နဲ့ သီးခြားထပ်မံ အမှုဖွင့်ရန် အကြံပြု ပြန်ကြားလာခဲ့တဲ့အတွက် (ပ)၃၂၉/၂၀၁၇၊ လက်နက်ပုဒ်မ ၁၉(စ) နဲ့ထပ်မံအမှုဖွင့် စစ်ဆေးနေတာဖြစ်ပါတယ်။

?bph6