
0
144




…………………. ။ ။ ……………….

ဂျပန် ANA က လုပ်ငန်းတွေ ပူးပေါင်းဆောင်ရွက်မယ့် မြန်မာ ကုမ္ပဏီကို ရှာဖွေနေ

ဂျပန်နိုင်ငံအခြေစိုက် ANA စီးပွားရေးလုပ်ငန်းစုဟာ လေကြောင်း သယ်ယူပို့ဆောင်ရေးမှာ ပူးပေါင်းဆောင်ရွက်မယ့် မြန်မာပြည်တွင်းကုမ္ပဏီ တစ်ခုကို ရှာဖွေနေတယ်လို့ ဂျပန်သတင်းတွေက ဖော်ပြပါတယ်။

ဂျပန်စီးပွားရေးလုပ်ငန်းစု လေကြောင်းလုပ်ငန်းတွေ ပူးပေါင်းဆောင်ရွက်ဖို့ ပြည်တွင်း ကုမ္ပဏီတွေ နဲ့ သဘော တူညီမှု ရခဲ့ပေမယ့် နောက်ပိုင်းမှာ သဘောတူညီချက်တွေ ဟာ ပျက်သွားခဲ့ပြီးနောက် တတိယအကြိမ် မြောက်ရှာဖွေနေတာဖြစ်ပါတယ်။

ANA ရဲ့ အုပ်ချုပ်မှုအမှုဆောင်အရာရှိချုပ် ရှင်ယာ ကာတာနိုဇာကာက ပြည်တွင်း မိတ်ဖက် အသစ်ကို ရှာဖွေနေပြီး မြန်မာနိုင်ငံမှာ လေကြောင်း လုပ်ငန်း ပူးပေါင်းဆောင်ရွက်မယ့် အစီစဉ်တွေကို စွန့်လွတ်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။

ဂျပန် လေကြောင်း ကုမ္ပဏီဟာ ၅ နှစ် စီမံကိန်းအတွင်း မြန်မာနိုင်ငံက ပြည်တွင်းကုမ္ပဏီနဲ့ ပူးပေါင်း ဆောင်ရွက်နိုင်ဖို့ စီစဉ်ထားတယ်လို့ ကာတာနိုဆာကာကပြောပါတယ်။

?bph6