ေခတ္မီ ေလတပ္မေတာ္ တည္ေဆာက္ရမယ္လုိ႔ ကာကြယ္ေရးဦးစီးခ်ဳပ္ ေျပာ

0
199

သာလြန္တဲ့ ေလေၾကာင္း စြမ္းအားျဖစ္လာေစေရးအတြက္ တပ္မေတာ္ ေလတပ္ကုိ ေခတ္မီေလတပ္မေတာ္ အျဖစ္ တည္ေဆာက္ရမယ္လို႔ ကာကြယ္ေရးဦးစီးခ်ဳပ္ ကေျပာခဲ့ပါတယ္။

ဒီဇင္ဘာ ၁၅ ရက္ေန႔က မိထၳီလာတပ္နယ္ရွိ ေလေၾကာင္းအတတ္သင္ ေလတပ္စခန္းဌာနခ်ဳပ္မွာ ႏွစ္(၇၀)ျပည့္ တပ္မေတာ္(ေလ)ႏွစ္ပတ္လည္ေန႔ နဲ႔ ေလယာဥ္မ်ား တပ္ေတာ္၀င္အခမ္းအနားျပဳလုပ္ခဲ့ရာ Yak -130 အမ်ိဳးအစား ေလယာဥ္ ၆ စီး၊ Fokker- 70 အမ်ိဳးအစားေလယာဥ္ ၂ စီး နဲ႔ ၊ ATR 42-320 အမ်ိဳးအစား ေလယာဥ္ ၂ စီး စုစုေပါင္း ၁၀ စီးကုိ တပ္ေတာ္၀င္ခဲ့ပါတယ္။

တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္က မ်က္ေမွာက္ေခတ္ကာလ ကမၻာ အ၀ွမ္းျဖစ္ပြားလ်က္ရွိတဲ့ စစ္ပြဲေတြကို ေလ့လာၾကည့္ပါက ဘက္မညီစစ္ပြဲမ်ားအျဖစ္ ေတြ႕ျမင္ရမည္ျဖစ္ၿပီး ေလေၾကာင္းစြမ္းအား ဟာ မ်ားစြာအေရးပါလ်က္ရွိတယ္လို႔ ေျပာပါတယ္။

ေလေၾကာင္းစြမ္းအားသာလြန္မႈကုိ အသုံးျပဳၿပီး စစ္ပြဲေအာင္ႏုိင္ေရးအတြက္ ၿပိဳင္ဘက္အေပၚ လႊမ္းမုိးခ်ဳပ္ကုိင္ႏုိင္ဖို႔ တပ္မ်ားတုိက္စြမ္းရည္ ပုိမုိတုိးတက္ေစရန္အတြက္ ေလေၾကာင္းစစ္ဆင္ေရး ကုိ အဓိကထား အသုံးျပဳလာသည္ကုိ ေတြ႕ရွိရတယ္လို႔္လည္း ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ကေျပာပါတယ္။
………………… ။ ။ ……………….

ခေတ်မီလေတပ်မတော် တည်ဆောက်ရမယ်လို့ ကာကွယ်ရေးဦးစီးချုပ် ပြော
သာလွန်တဲ့ လေကြောင်း စွမ်းအားဖြစ်လာစေရေးအတွက် တပ်မတော် လေတပ်ကို ခေတ်မီလေတပ်မတော် အဖြစ် တည်ဆောက်ရမယ်လို့ ကာကွယ်ရေးဦးစီးချုပ် ကပြောခဲ့ပါတယ်။

ဒီဇင်ဘာ ၁၅ ရက်နေ့က မိထ္ထီလာတပ်နယ်ရှိ လေကြောင်းအတတ်သင် လေတပ်စခန်းဌာနချုပ်မှာ နှစ်(၇၀)ပြည့် တပ်မတော်(လေ)နှစ်ပတ်လည်နေ့ နဲ့ လေယာဉ်များ တပ်တော်ဝင်အခမ်းအနားပြုလုပ်ခဲ့ရာ Yak -130 အမျိုးအစား လေယာဉ် ၆ စီး၊ Fokker- 70 အမျိုးအစားလေယာဉ် ၂ စီး နဲ့ ၊ ATR 42-320 အမျိုးအစား လေယာဉ် ၂ စီး စုစုပေါင်း ၁၀ စီးကို တပ်တော်ဝင်ခဲ့ပါတယ်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မျက်မှောက်ခေတ်ကာလ ကမ္ဘာ အဝှမ်းဖြစ်ပွားလျက်ရှိတဲ့ စစ်ပွဲတွေကို လေ့လာကြည့်ပါက ဘက်မညီစစ်ပွဲများအဖြစ် တွေ့မြင်ရမည်ဖြစ်ပြီး လေကြောင်းစွမ်းအား ဟာ များစွာအရေးပါလျက်ရှိတယ်လို့ ပြောပါတယ်။

လေကြောင်းစွမ်းအားသာလွန်မှုကို အသုံးပြုပြီး စစ်ပွဲအောင်နိုင်ရေးအတွက် ပြိုင်ဘက်အပေါ် လွှမ်းမိုးချုပ်ကိုင်နိုင်ဖို့ တပ်များတိုက်စွမ်းရည်ပိုမိုတိုးတက်စေရန်အတွက် လေကြောင်းစစ်ဆင်ရေး ကို အဓိကထား အသုံးပြုလာသည်ကို တွေ့ရှိရတယ်လိ်ု့လည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောပါတယ်။

?bph6