အင္းဝ အပ္ခ်ဳပ္ဆိုင္အမႈ ေလးဦးကို ေထာင္ဒဏ္ခ်မွတ္၊ ႏွစ္ဦးကို ကြင္းလံုးကြ်တ္လႊတ္

0
181

ရန္ကုန္ၿမိဳ႕၊ အင္းဝအပ္ခ်ဳပ္ဆိုင္ မိသားစုက အိမ္အကူမိန္းကေလး ႏွစ္ဦးကို ညွဥ္းပမ္းႏွိပ္စက္မႈမွာ ေလးဦးကို ေထာင္ဒဏ္ ခ်မွတ္ၿပီး ႏွစ္ဦးကို ကြင္းလံုးကြ်တ္ လႊတ္လိုက္ပါတယ္။

အေနာက္ပိုင္း ခ႐ိုင္တရား႐ံုးက အျပင္းအထန္ နာက်င္ေစမႈ၊ ကေလးသူငယ္အမႈ၊ လူကုန္ကူးမႈတို႔နဲ႔ ေဒၚတင္သူဇာနဲ႔ စုမြန္လတ္တို႔ကို ေထာင္ဒဏ္ ၁၆ ႏွစ္နဲ႔ ၁ လ ခ်မွတ္ခဲ့ပါတယ္။ တင္မင္းလတ္ကို ေထာင္ဒဏ္ ၉ ႏွစ္နဲ႔ ၁ လ၊ ရာဇာထြန္းကို ေထာင္ဒဏ္ ၁၃ ႏွစ္နဲ႔ ၁ လ ခ်မွတ္ပါတယ္။ ဦးကိုလတ္နဲ႔ မသီရိလတ္တို႔ကေတာ့ အမႈနဲ႔ မၿငိစြန္းတဲ့အတြက္ ကြင္းလံုးကြ်တ္ လြတ္သြားပါတယ္။

ႏွိပ္စက္ခံရတဲ့ အိမ္အကူ ႏွစ္ဦးကေတာ့ အသက္ ၁၇ ႏွစ္အရြယ္ မစန္းေကခိုင္နဲ႔ အသက္ ၁၆ ႏွစ္အရြယ္ မသဇင္တို႔ ျဖစ္ပါတယ္။ အိမ္အကူ မိန္းကေလးႏွစ္ဦးကို လက္ေခ်ာင္းေတြ လွန္ခ်ိဳးတာ၊ အ႐ိုးက်ိဳးေအာင္ ႏွိပ္စက္တာ၊ လည္ပင္းကို ကတ္ေၾကးနဲ႔ ထိုးတာ၊ မီး႐ိႈ႕တာ၊ ဓားနဲ႔ ျပတ္ရွေအာင္လုပ္တာေတြနဲ႔ ႏွိပ္စက္ခဲ့တာ ျဖစ္ပါတယ္။
………………….. / / ………………….

အင်းဝ အပ်ချုပ်ဆိုင်အမှု လေးဦးကို ထောင်ဒဏ်ချမှတ်၊ နှစ်ဦးကို ကွင်းလုံးကျွတ်လွှတ်

ရန်ကုန်မြို့၊ အင်းဝအပ်ချုပ်ဆိုင် မိသားစုက အိမ်အကူမိန်းကလေး နှစ်ဦးကို ညှဉ်းပမ်းနှိပ်စက်မှုမှာ လေးဦးကို ထောင်ဒဏ် ချမှတ်ပြီး နှစ်ဦးကို ကွင်းလုံးကျွတ် လွှတ်လိုက်ပါတယ်။

အနောက်ပိုင်း ခရိုင်တရားရုံးက အပြင်းအထန် နာကျင်စေမှု၊ ကလေးသူငယ်အမှု၊ လူကုန်ကူးမှုတို့နဲ့ ဒေါ်တင်သူဇာနဲ့ စုမွန်လတ်တို့ကို ထောင်ဒဏ် ၁၆ နှစ်နဲ့ ၁ လ ချမှတ်ခဲ့ပါတယ်။ တင်မင်းလတ်ကို ထောင်ဒဏ် ၉ နှစ်နဲ့ ၁ လ၊ ရာဇာထွန်းကို ထောင်ဒဏ် ၁၃ နှစ်နဲ့ ၁ လ ချမှတ်ပါတယ်။ ဦးကိုလတ်နဲ့ မသီရိလတ်တို့ကတော့ အမှုနဲ့ မငြိစွန်းတဲ့အတွက် ကွင်းလုံးကျွတ် လွတ်သွားပါတယ်။

နှိပ်စက်ခံရတဲ့ အိမ်အကူ နှစ်ဦးကတော့ အသက် ၁၇ နှစ်အရွယ် မစန်းကေခိုင်နဲ့ အသက် ၁၆ နှစ်အရွယ် မသဇင်တို့ ဖြစ်ပါတယ်။ အိမ်အကူ မိန်းကလေးနှစ်ဦးကို လက်ချောင်းတွေ လှန်ချိုးတာ၊ အရိုးကျိုးအောင် နှိပ်စက်တာ၊ လည်ပင်းကို ကတ်ကြေးနဲ့ ထိုးတာ၊ မီးရှို့တာ၊ ဓားနဲ့ ပြတ်ရှအောင်လုပ်တာတွေနဲ့ နှိပ်စက်ခဲ့တာ ဖြစ်ပါတယ်။

?bph6