
0
140


………………… ။ ။ ……………….

ကချင်၊ ရခိုင်၊ ရှမ်းပြည်နယ်ကို စားနပ်ရိက္ခာ ထောက်ပံ့ဖို့ ဂျာမနီက ယူရို ၁ သန်းလှူ

ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်တို့ အတွင်းရှိ ပဋိပက္ခဒဏ်ခံ ပြည်သူတွေကို အစားအသောက် ပံ့ပိုးကူညီနိုင်ဖို့အတွက် ဂျာမနီနိုင်ငံက ယူရိုငွေ ၁ ဒသမ ၁၇ သန်းကို လှူဒါန်းပါတယ်။

ဂျာမနီက ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (World Food Programme) ကနေတဆင့် လူမှုကယ်ဆယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်ဖို့ လှူဒါန်းတာ ဖြစ်ပါတယ်။ လှူဒါန်းငွေတွေနဲ့ အခြေခံ စာသောက်ကုန်တွေဖြစ်တဲ့ ဆန်၊ ပဲအမျိုးမျိုးနဲ့ ဆားတို့ကို လစဉ် ကူညီထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်။

?bph6