Reuters သတင္းေထာက္ ႏွစ္ေယာက္ကို လႊတ္ေပးဖို႔ ကုလ အေထြေထြ အတြင္းေရးမွဴးခ်ဳပ္ ေတာင္းဆို

0
131

ဖမ္းဆီးထားတဲ့ Reuters သတင္းေထာက္ ႏွစ္ေယာက္ကို လႊတ္ေပးဖို႔နဲ႔ ဒီလိုဖမ္းဆီးတာဟာ ျမန္မာႏိုင္ငံရဲ႕ လြတ္လပ္မႈကို ပ်က္စီးေစတယ္လို႔ ကုလသမဂၢ အေထြေထြ အတြင္းေရးမႉးခ်ဳပ္ အန္ထိုနီယို ဂူတာရက္ဇ္က ေျပာဆိုလိုက္ပါတယ္။

Universal Health Coverage Forum တက္ဖို႔ တိုက်ိဳၿမိဳ႕ကို ေရာက္ရွိေနတဲ့ မစၥတာ ဂူတာရက္ဇ္က သတင္းစာရွင္းလင္းပြဲမွာ အခုလို ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။ အဲဒီဖိုရမ္ကို သမၼတ ဦးထင္ေက်ာ္လည္း တက္ေရာက္ပါတယ္။

Reuters သတင္းေထာက္ ကိုသက္ဦးေမာင္ (ခ) ကိုဝလံုးနဲ႔ ကိုေက်ာ္စိုးဦးတို႔ကို ဒီဇင္ဘာ ၁၂ ရက္ေန႔ ည ၁၁ နာရီခြဲမွာ ရန္ကုန္တိုင္း၊ ေထာက္ၾကန္႔ ရဲစခန္းက အစိုးရ လွ်ိဳ႕ဝွက္ခ်က္မ်ား အက္ဥပေဒ ပုဒ္မ ၃ နဲ႔ ဖမ္းဆီးလိုက္ခဲ့ပါတယ္။
……………….. ။ ။ ………………

Reuters သတင်းထောက် နှစ်ယောက်ကို လွှတ်ပေးဖို့ ကုလ အထွေထွေ အတွင်းရေးမှူးချုပ် တောင်းဆို

ဖမ်းဆီးထားတဲ့ Reuters သတင်းထောက် နှစ်ယောက်ကို လွှတ်ပေးဖို့နဲ့ ဒီလိုဖမ်းဆီးတာဟာ မြန်မာနိုင်ငံရဲ့ လွတ်လပ်မှုကို ပျက်စီးစေတယ်လို့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အန်ထိုနီယို ဂူတာရက်ဇ်က ပြောဆိုလိုက်ပါတယ်။

Universal Health Coverage Forum တက်ဖို့ တိုကျိုမြို့ကို ရောက်ရှိနေတဲ့ မစ္စတာ ဂူတာရက်ဇ်က သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ အဲဒီဖိုရမ်ကို သမ္မတ ဦးထင်ကျော်လည်း တက်ရောက်ပါတယ်။

Reuters သတင်းထောက် ကိုသက်ဦးမောင် (ခ) ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို ဒီဇင်ဘာ ၁၂ ရက်နေ့ ည ၁၁ နာရီခွဲမှာ ရန်ကုန်တိုင်း၊ ထောက်ကြန့် ရဲစခန်းက အစိုးရ လျှို့ဝှက်ချက်များ အက်ဥပဒေ ပုဒ်မ ၃ နဲ့ ဖမ်းဆီးလိုက်ခဲ့ပါတယ်။

?bph6