အဖြားျဖစ္သူမွ ႐ိုက္ႏွက္ဆံုးမရာကေန ေျမးျဖစ္သူ ေသဆံုး

0
167

တနသၤာရီတိုင္းေဒသႀကီး၊ ေကာ့ေသာင္းၿမိဳ႕နယ္၊ ပုလံုးတံုတံုးေက်းရြာမွာ အဖြားျဖစ္သူက အသက္ေလးႏွစ္အရြယ္ ေျမးျဖစ္သူကို ႐ိုက္ႏွက္ဆံုးမရာကေန လက္လြန္ၿပီး ေသဆံုးမႈ ျဖစ္ပြားခဲ့ပါတယ္။

အဖြားျဖစ္သူ ေဒၚသန္းသန္းႏြယ္ က ေျမးျဖစ္သူ အသက္ေလးႏွစ္အရြယ္ မေဆာင္းဇာ၀င္းကို လက္နဲ႔႐ိုက္ျခင္း၊ ေျခာက္ေထာက္နဲ႔ကန္ျခင္း၊ တံျမတ္စည္း႐ိုးနဲ႔ ႐ိုက္ႏွက္ျခင္း၊ ေနအိမ္ေပၚကေန ျပစ္ခ်ျခင္းတို႔ကို ျပဳလုပ္ခဲ့လို႔ အခုလို ေသဆံုးခဲ့တာပဲျဖစ္ပါတယ္။

ဒီဇင္ဘာလ ၁၄ ရက္ေန႔က အဲဒီကေလးငယ္ဟာ စိုးရိမ္တဲ့အေျခအေနျဖစ္တဲ့အတြက္ ေကာ့ေသာင္းျပည္သူ႔ေဆး႐ံုႀကီးမွာ ေဆးကုသမႈခံယူေနရာကေန အခုလို ေသဆံုးသြားခဲ့တာပါ။

အဖြားျဖစ္သူ ေဒၚသန္းသန္းႏြယ္ကိုေတာ့ အေရးယူထားၿပီျဖစ္ပါတယ္။
………………. ။ ။ ………………

အဖွားဖြစ်သူမှ ရိုက်နှက်ဆုံးမရာကနေ မြေးဖြစ်သူ သေဆုံး

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်၊ ပုလုံးတုံတုံးကျေးရွာမှာ အဖွားဖြစ်သူက အသက်လေးနှစ်အရွယ် မြေးဖြစ်သူကို ရိုက်နှက်ဆုံးမရာကနေ လက်လွန်ပြီး သေဆုံးမှု ဖြစ်ပွားခဲ့ပါတယ်။

အဖွားဖြစ်သူ ဒေါ်သန်းသန်းနွယ် က မြေးဖြစ်သူ အသက်လေးနှစ်အရွယ် မဆောင်းဇာဝင်းကို လက်နဲ့ရိုက်ခြင်း၊ ခြောက်ထောက်နဲ့ကန်ခြင်း၊ တံမြတ်စည်းရိုးနဲ့ ရိုက်နှက်ခြင်း၊ နေအိမ်ပေါ်ကနေ ပြစ်ချခြင်းတို့ကို ပြုလုပ်ခဲ့လို့ အခုလို သေဆုံးခဲ့တာပဲဖြစ်ပါတယ်။

ဒီဇင်ဘာလ ၁၄ ရက်နေ့က အဲဒီကလေးငယ်ဟာ စိုးရိမ်တဲ့အခြေအနေဖြစ်တဲ့အတွက် ကော့သောင်းပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေရာကနေ အခုလို သေဆုံးသွားခဲ့တာပါ။

အဖွားဖြစ်သူ ဒေါ်သန်းသန်းနွယ်ကိုတော့ အရေးယူထားပြီဖြစ်ပါတယ်။

?bph6