?bph6

Place your ads here!

ဆရာမ စံပယ်ဖြူနု ကချင်ပြည်နယ်က စစ်ပွဲတွေနဲ့ ငြိမ်းချမ်းရေးအကြောင်းကို ရေးသားထားတဲ့ ၀ထ္ထုရှည် အမျိုးသားစာပေဆုရရှိ

ပြန်ကြားရေးဝန်ကြီးဌာန အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီက ၂၀၁၄ ခုနှစ် အတွက် အမျိုးသားစာပေဆုရသူတွေရဲ့ စာရင်းကိုထုတ်ပြန်ခဲ့ရာ စာရေးဆရာမ စံပယ်ဖြူနုရဲ့ ကချင်ပြည်နယ်က စစ်ပွဲတွေနဲ့ ငြိမ်းချမ်းရေး အကြောင်းကိုရေးသားထားတဲ့ ” မြောက်ဖျားက အလွမ်းရာသီ ၀ထ္ထုရှည် ” က အကောင်းဆုံး အမျိုးသားစာပေဆုကို ရရှိပါတယ်။

003

၂၀၁၄ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုပြိုင်ပွဲမှာ ဆုရရှိသော စာရေးဆရာတွေရဲ့ အမည်စာရင်းကို စာပေဗိမာန်စာမူဆု စီစစ်ရွေးချယ်ရေးအဖွဲ့က အောက်တိုဘာလ ၃၁ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့တာ ဖြစ်ပါတယ်။
ကံကော်ဝတ်ရည်စာပေက ထုတ်ဝေဖြန့်ချီထားတဲ့ ” မြောက်ဖျားက အလွမ်း ရာသီ ” ၀တ္ထုရှည်ဟာ သတင်းသမားဘ၀မှ စာရေးဆရာမဖြစ်လာတဲ့ စံပယ်ဖြူနု ရေးသားခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံမြောက်ဖျား ကချင်ပြည်နယ်အတွင်း ပြည်တွင်းစစ်ဘေးဒဏ်ကြောင့် ကွဲကွာနေတဲ့ ညီမလေးတစ်ယောက်ကို စစ်ပွဲတွေ အကြားရှိ တရုတ်-မြန်မာနယ်စပ်အနီး ဒုက္ခသည်စခန်းတွေမှာ လိုက်လံရှာဖွေခဲ့တဲ့ အစ်မတစ်ဦးရဲ့ အကြောင်းကို နောက်ခံထားပြီးရေးသားခဲ့တာဖြစ်ပါတယ်။
အဲဒီ ၀တ္ထုရည်အပါအ၀င် ၀တ္ထုတိုပေါင်းချုပ်ကို ဆရာကြူနစ်ရေးသားတဲ့ မာရ်နတ်ရဲ့ စည်းစိမ်၊ ကဗျာပေါင်းချုပ်ကို မောင်လင်းကြည်ရေးသားတဲ့ မိုးဦးလေဦးကဗျာများက ရရှိခဲ့ပါတယ်။ တက္ကသိုလ်ခင်မောင်ဇော် ရေးသားထားတဲ့ တက္ကသီလာ မြကျွန်းသာက စာပဒေသာဆုကိုရရှိပါတယ်။ ဒါအပြင် ဘာသာပြန် သုတ စာပေဆု၊ ဘာသာပြန် ရသ စာပေဆု၊ သုတပဒေသာ စာပေဆုတို့အပြင် မြန်မာ့ယဉ်ကျေးမှု နုပညာဆိုင်ရာစာပေဆု၊ ကလေးစာပေကဗျာဆု၊ လူငယ်စာပေဆု၊ အင်္ဂလိပ်ဘာသာ (ရသ-သုတ) ဆုတွေကို ကြေညာထားပါတယ်။
နှစ်စဉ် အမျိုးသားစာပေဆု ၁၆ ဆုကို ပေးအပ်ခဲ့တာဖြစ်ပြီး ယခုနှစ်မှာတော့ ပြဇာတ်စာပေဆုကို ရွေးချယ်ချီးမြှင့်နိုင်ခြင်းမရှိပဲ အမျိုးသာစာပေ တစ်သက်တာဆုတွေကိုတော့ ဆရာကြီးဦးဝင်းဖေ(မြဇင်)၊ ဆရာကြီးဦးခင်မောင်စိုး (မောင်ပေါ်ထွန်း)နဲ့ ဆရာကြီးဦးကိုလေး (ကိုလေး-အင်းဝဂုဏ်ရည်)တို့ ကို ရွေးချယ်ခဲ့ပါတယ်။
အမျိုးသားစာပေဆုပေးပွဲကိုတော့ ဒီဇင်ဘာလ ၁၂ ရက်နေ့ (စနေနေ့)မှာ ရန်ကုန်မြို့ မြို့မကျောင်းလမ်းမှာရှိတဲ့ အမျိုးသားကဇာတ်ရုံမှာကျင်းပသွားမှာဖြစ်ပြီး၊ ဆုတစ်ဆုကို ကျပ် ၁၅ သိန်း ချီးမြှင့်မယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

adv_banner