႐ုရွားစစ္သေဘၤာအုပ္စု ျမန္မာႏိုင္ငံကို အလည္အပတ္ ေရာက္ရွိ

႐ုရွားရဲ႕ ပစိဖိတ္ ေရတပ္သေဘၤာဟာ ဒီေန႔ ဒီဇင္ဘာ ၇ ရက္ေန႔မွာ ျမန္မာႏိုင္ငံကို ေရာက္ရွိၿပီလို႔ ပစိဖိတ္ ေရတပ္သေဘၤာက ေျပာခြင့္ရသူ နီကိုေလ ေဗာ့စကာရီဆင္စကီက ေျပာပါတယ္။

ပစိဖိတ္ ေရတပ္သေဘၤာ အုပ္စုမွာ အက္ဒမုိင္ရယ္ ပန္တီလိဗ္ အႀကီးစား ေရငုပ္သေဘၤာဖ်က္ သေဘၤာနဲ႔ ေဘာရစ္ ဘူတိုမာ အႀကီးစား ပင္လယ္သံုး ကုန္တင္သေဘၤာတို႔ ပါဝင္ၿပီး ရန္ကုန္ၿမိဳ႕၊ သီလဝါဆိပ္ကမ္းကို ေရာက္ရွိလာတာ ျဖစ္ပါတယ္။

႐ုရွားေရတပ္ တပ္ဖြဲ႔ဟာ ဒီဇင္ဘာ ၁၀ ရက္ေန႔အထိ ဆိုက္ကပ္မွာ ျဖစ္ၿပီး ႐ုရွားသေဘၤာသားေတြဟာ ရန္ကုန္ၿမိဳ႕ကို ကားနဲ႔ လည္ပတ္ဦးမွာ ျဖစ္ပါတယ္။

ျမန္မာေရတပ္အရာရွိေတြဟာ ႐ုရွားစစ္သေဘၤာေပၚ အလည္အပတ္ လာေရာက္ခဲ့ၿပီး ႐ုရွားေရတပ္ တပ္ဖြဲ႔ဝင္ေတြဟာ ဧရာဝတီတိုင္း ေရတပ္ တပ္ဖြဲ႔အႀကီးအကဲ၊ ေရတပ္အေျခစိုက္စခန္း အႀကီးအကဲတုိ႔နဲ႔ ေတြ႔ဆံုခဲ့တယ္လို႔ ေဗာ့စကာရီဆင္စကီက ေျပာပါတယ္။
………………… ။ ။ ………………..

ရုရှားစစ်သင်္ဘောအုပ်စု မြန်မာနိုင်ငံကို အလည်အပတ် ရောက်ရှိ

ရုရှားရဲ့ ပစိဖိတ် ရေတပ်သင်္ဘောဟာ ဒီနေ့ ဒီဇင်ဘာ ၇ ရက်နေ့မှာ မြန်မာနိုင်ငံကို ရောက်ရှိပြီလို့ ပစိဖိတ် ရေတပ်သင်္ဘောက ပြောခွင့်ရသူ နီကိုလေ ဗော့စကာရီဆင်စကီက ပြောပါတယ်။

ပစိဖိတ် ရေတပ်သင်္ဘော အုပ်စုမှာ အက်ဒမိုင်ရယ် ပန်တီလိဗ် အကြီးစား ရေငုပ်သင်္ဘောဖျက် သင်္ဘောနဲ့ ဘောရစ် ဘူတိုမာ အကြီးစား ပင်လယ်သုံး ကုန်တင်သင်္ဘောတို့ ပါဝင်ပြီး ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်းကို ရောက်ရှိလာတာ ဖြစ်ပါတယ်။ ရုရှားရေတပ် တပ်ဖွဲ့ဟာ ဒီဇင်ဘာ ၁၀ ရက်နေ့အထိ ဆိုက်ကပ်မှာ ဖြစ်ပြီး ရုရှားသင်္ဘောသားတွေဟာ ရန်ကုန်မြို့ကို ကားနဲ့ လည်ပတ်ဦးမှာ ဖြစ်ပါတယ်။

မြန်မာရေတပ်အရာရှိတွေဟာ ရုရှားစစ်သင်္ဘောပေါ် အလည်အပတ် လာရောက်ခဲ့ပြီး ရုရှားရေတပ် တပ်ဖွဲ့ဝင်တွေဟာ ဧရာဝတီတိုင်း ရေတပ် တပ်ဖွဲ့အကြီးအကဲ၊ ရေတပ်အခြေစိုက်စခန်း အကြီးအကဲတို့နဲ့ တွေ့ဆုံခဲ့တယ်လို့ ဗော့စကာရီဆင်စကီက ပြောပါတယ်။

adv_banner