လူ႔အခြင့္အေရးေကာင္စီနဲ႔ အိုအိုင္စီ ျမန္မာႏိုင္ငံရဲ႕ အခ်ဳပ္အျခာ အာဏာပိုင္မႈကို ထိပါးေနၿပီလား

ကုလသမဂၢ လူ႔အခြင့္အေရးေကာင္စီနဲ႔ အိုအိုင္စီတို႔ရဲ႕ လုပ္ေဆာင္ခ်က္ေတြ ျမန္မာႏိုင္ငံရဲ႕ အခ်ဳပ္အျခာအာဏာပိုင္မႈကို ထိပါးေနၿပီလားလို႔ လႊတ္ေတာ္ ဥကၠ႒ေဟာင္း သူရဦးေရႊမန္းက ေမးခြန္း ထုတ္လိုက္ပါတယ္။

ဒီဇင္ဘာလ ၇ ရက္ေန႔က Facebook လူမႈကြန္ရက္စာမ်က္ႏွာေပၚမွာ ေရးသားၿပီး အဲ့ဒီလို ေမးခြန္းထုတ္လိုက္တာပါ။

ဒီလိုေျပာၾကားရာမွာေတာ့ ႏိုင္ငံတကာအသိုင္းအ၀ိုင္းအေနနဲ႔ ရခိုင္ျပည္နယ္အေရးနဲ႔ပတ္သက္ၿပီး ျမန္မာအစိုးရနဲ႔ ျမန္မာျပည္သူေတြဟာ အေကာင္းဘက္ကို ေရွ႕ရႈေဆာင္ရြက္ေနတာကို မသိျမင္ဟန္ျပဳေနတာလားလို႔လည္း ေမးခြန္းထုတ္ထားတာပါ။

ဒါ့အျပင္ ဒီအၾကပ္အတည္းေတြကို ျမန္မာအစိုးရနဲ႔ ျပည္သူေတြကေတာ့ လုပ္သင့္ လုပ္ထိုက္တာေတြကို အခ်ိန္နဲ႔အမွ် လုပ္ေဆာင္ၾကလိမ့္မယ္ဆိုတာကို ယံုၾကည္တယ္လို႔လည္း သူရဦးေရႊမန္းက ေျပာၾကားထားပါတယ္။
…………………… ။ ။ …………………..

လူ့အခွင့်အရေးကောင်စီနဲ့ အိုအိုင်စီ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာပိုင်မှုကို ထိပါးနေပြီလား

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီနဲ့ အိုအိုင်စီတို့ရဲ့ လုပ်ဆောင်ချက်တွေ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာပိုင်မှုကို ထိပါးနေပြီလားလို့ လွှတ်တော် ဥက္ကဋ္ဌဟောင်း သူရဦးရွှေမန်းက မေးခွန်း ထုတ်လိုက်ပါတယ်။

ဒီဇင်ဘာလ ၇ ရက်နေ့က Facebook လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ရေးသားပြီး အဲ့ဒီလို မေးခွန်းထုတ်လိုက်တာပါ။
ဒီလိုပြောကြားရာမှာတော့ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ရခိုင်ပြည်နယ်အရေးနဲ့ပတ်သက်ပြီး မြန်မာအစိုးရနဲ့ မြန်မာပြည်သူတွေဟာ အကောင်းဘက်ကို ရှေ့ရှုဆောင်ရွက်နေတာကို မသိမြင်ဟန်ပြုနေတာလားလို့လည်း မေးခွန်းထုတ်ထားတာပါ။

ဒါ့အပြင် ဒီအကြပ်အတည်းတွေကို မြန်မာအစိုးရနဲ့ ပြည်သူတွေကတော့ လုပ်သင့် လုပ်ထိုက်တာတွေကို အချိန်နဲ့အမျှ လုပ်ဆောင်ကြလိမ့်မယ်ဆိုတာကို ယုံကြည်တယ်လို့လည်း သူရဦးရွှေမန်းက ပြောကြားထားပါတယ်။

adv_banner