ARSA က နယ္စပ္ကိုျဖတ္ၿပီး လာတိုက္ခိုက္ႏိုင္တယ္လို႔ ICG သတိေပး

ဘဂၤလားေဒ့ရွ္ဘက္ရွိ ဒုကၡသည္စခန္းထဲမွာ ခိုလံႈေနတဲ့ ARSA အၾကမ္းဖက္ အဖြဲ႔ဝင္ေတြဟာ နယ္စပ္ကို ျဖတ္ေက်ာ္ၿပီး ျမန္မာ လံုၿခံဳေရးတပ္ဖြဲ႔ေတြနဲ႔ မြတ္စလင္ မဟုတ္သူေတြကို လာေရာက္တိုက္ခိုက္ႏိုင္တယ္လို႔ ႏိုင္ငံတကာ ပဋိပကၡ ေလ့လာေရးအဖြဲ႔ (ICG) က သတိေပးလိုက္ပါတယ္။

ဘဂၤါလီ မြတ္စလင္ ျပႆနာဟာ အႏၱရာယ္ႀကီးတဲ့ အဆင့္ကို ေရာက္လာၿပီ ျဖစ္ေၾကာင္း၊ ARSA စစ္ေသြးၾကြ အဖြဲ႔ဟာ လူျပန္စုၿပီး ျပန္တိုက္ခိုက္ဖြယ္ ရွိေၾကာင္း ဒီေန႔ ဒီဇင္ဘာ ၇ ရက္ေန႔မွာ ထုတ္ျပန္တဲ့ ICG ရဲ႕ အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။

ARSA အၾကမ္းဖက္အဖြဲ႔နဲ႔ ပတ္သက္သူ စာရင္းကို ျမန္မာအစိုးရက ဘဂၤလားေဒ့ရွ္ဘက္ကို ေပးပို႔ထားၿပီး ရွာေဖြဖမ္းဆီးေပးဖို႔ ေတာင္းဆိုထားပါတယ္။
………………….. ။ ။ ……………………

ARSA က နယ်စပ်ကိုဖြတ်ပြီး လာတိုက်ခိုက်နိုင်တယ်လို့ ICG သတိပေး

ဘင်္ဂလားဒေ့ရှ်ဘက်ရှိ ဒုက္ခသည်စခန်းထဲမှာ ခိုလှုံနေတဲ့ ARSA အကြမ်းဖက် အဖွဲ့ဝင်တွေဟာ နယ်စပ်ကို ဖြတ်ကျော်ပြီး မြန်မာ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ မွတ်စလင် မဟုတ်သူတွေကို လာရောက်တိုက်ခိုင်နိုင်တယ်လို့ နိုင်ငံတကာ ပဋိပက္ခ လေ့လာရေးအဖွဲ့ (ICG) က သတိပေးလိုက်ပါတယ်။

ဘင်္ဂါလီ မွတ်စလင် ပြဿနာဟာ အန္တရာယ်ကြီးတဲ့ အဆင့်ကို ရောက်လာပြီ ဖြစ်ကြောင်း၊ ARSA စစ်သွေးကြွ အဖွဲ့ဟာ လူပြန်စုပြီး ပြန်တိုက်ခိုက်ဖွယ် ရှိကြောင်း ဒီနေ့ ဒီဇင်ဘာ ၇ ရက်နေ့မှာ ထုတ်ပြန်တဲ့ ICG ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ARSA အကြမ်းဖက်အဖွဲ့နဲ့ ပတ်သက်သူ စာရင်းကို မြန်မာအစိုးရက ဘင်္ဂလားဒေ့ရှ်ဘက်ကို ပေးပို့ထားပြီး ရှာဖွေဖမ်းဆီးပေးဖို့ တောင်းဆိုထားပါတယ်။

adv_banner