


………………… ။ ။ ………………..

ရန်ကုန်-စစ်တွေ ကားလမ်း တံတားတစ်ခုအောက်မှာ မိုင်းလို့ ယူဆရတဲ့ အရာတွေ့

ရန်ကုန်-စစ်တွေ ကားလမ်း သံတံတား အမှတ် (၇/၁၁၂) ရဲ့ ထိပ်သံဘောင်အောက်မှာ ဘက္ထရီအိုးနဲ့ သွယ်တန်းထားတဲ့ မိုင်းလို့ ယူဆရတဲ့ ပစ္စည်းနှစ်ခုကို တွေ့ရှိခဲ့ကြပါတယ်။

ဒီနေ့ ဒီဇင်ဘာလ ၇ ရက်နေ့မှာ မြောက်ဦးမြို့မ ရဲစခန်းက တပ်ဖွဲ့ဝင်တွေ လုံခြုံရေး ဆောင်ရွက်စဉ် တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

မနက် ၁၁ နာရီမှာ ရန်ကုန်-စစ်တွေ ကားလမ်းကို ယာယီ ပိတ်ထားလိုက်ပြီး တပ်မတော်က မိုင်းရှင်းလင်းရေး လုပ်ငန်းတွေ လုပ်ဆောင်နေပါတယ်။

adv_banner