စမ္းသပ္ကိရိယာပါ လင္းယုန္ငွက္ မြန္ဂိုလီးယားက ျဖစ္ႏိုင္

မင္းကင္းၿမိဳ႕နယ္၊ သာစည္ေက်းရြာမွာ ဖမ္းဆီးရမိတဲ့ ေက်ာဘက္မွာ ကိရိယာတစ္ခုပါ လင္းယုန္ငွက္ဟာ မြန္ဂိုလီးယားႏိုင္ငံက ျဖစ္ႏိုင္တယ္လို႔ Wildlife Conservation Society (WCS) ေနျပည္ေတာ္႐ုံးခြဲက National Landscape Coordinator ျဖစ္သူ ေဒါက္တာ ေနာ္ေမေလးသန္႔က ေျပာပါတယ္။

လင္းယုန္ငွက္ကို ဒီဇင္ဘာ ၅ ရက္ေန႔က ေတာင္သူ ဦးဆန္းဦးက ဖမ္းမိခဲ့တာ ျဖစ္ၿပီး အျမင့္ ၁ ေပခြဲ၊ ေတာင္ပံတစ္ဖက္လွ်င္ ၁ ေပခန္႔ရွိၿပီး ေျခေထာက္မွာ ORNITH LAB/ INST-BIOL/ MONGOLIA နဲ႔ 272 လို႔ ေရးထားကာ ေက်ာဘက္မွာလည္း ဆိုလာျပားငယ္ပါ ကိရိယာတစ္ခု တပ္ဆင္ေပးထားပါတယ္။

ေဒါက္တာ ေနာ္ေမေလးသန္႔ရဲ႕ ရွင္းျပခ်က္အရ ORNITH LAB က ငွက္ဘာသာေဗဒ ဓာတ္ခြဲခန္းဆိုင္ရာ ဌာနခြဲအမည္၊ INST-BIOL က ဇီဝေဗဒဆိုင္ရာ တကၠသိုလ္၊ MONGOLIA က ႏိုင္ငံ အမည္ျဖစ္ေၾကာင္း၊ လင္းယုန္ငွက္နဲ႔ သုေတသနလုပ္တဲ့ သေဘာ ျဖစ္ႏိုင္ေၾကာင္း၊ လင္းယုန္ငွက္ဟယ ေအးတဲ့ရာသီဥတုမွာ နထိုင္ျခင္းမရွိဘဲ ပူေႏြးတဲ့ ေဒသေတြကို ေျပာင္းေရႊ႕ ေနထိုင္ေလ့ရွိလို႔ မြန္ဂိုလီးယားကေန ျမန္မာႏိုင္ငံဘက္ကို ေရာက္ရွိလာတာ ျဖစ္တယ္လို႔ ေျပာပါတယ္။

ၿမိဳ႕နယ္သစ္ေတာ ဦးစီးအရာရွိ ဦးခ်စ္သန္းထြန္းနဲ႔ ၿမိဳ႕နယ္တိရစၧာန္ ေမြးျမဴေရးႏွင့္ ကုသေရး ဦးစီးဌာနက လ/ထ ႀကီးၾကပ္ေရးမႉး ဦးေမာင္ေမာင္စိုးတို႔ထံ လင္းယုန္ငွက္ကို လႊဲေျပာင္းေပးအပ္ထားပါတယ္။
……………….. ။ ။ ………………..

စမ်းသပ်ကိရိယာပါ လင်းယုန်ငှက် မွန်ဂိုလီးယားက ဖြစ်နိုင်

မင်းကင်းမြို့နယ်၊ သာစည်ကျေးရွာမှာ ဖမ်းဆီးရမိတဲ့ ကျောဘက်မှာ ကိရိယာတစ်ခုပါ လင်းယုန်ငှက်ဟာ မွန်ဂိုလီးယားနိုင်ငံက ဖြစ်နိုင်တယ်လို့ Wildlife Conservation Society (WCS) နေပြည်တော်ရုံးခွဲက National Landscape Coordinator ဖြစ်သူ ဒေါက်တာ နော်မေလေးသန့်က ပြောပါတယ်။

လင်းယုန်ငှက်ကို ဒီဇင်ဘာ ၅ ရက်နေ့က တောင်သူ ဦးဆန်းဦးက ဖမ်းမိခဲ့တာ ဖြစ်ပြီး အမြင့် ၁ ပေခွဲ၊ တောင်ပံတစ်ဖက်လျှင် ၁ ပေခန့်ရှိပြီး ခြေထောက်မှာ ORNITH LAB/ INST-BIOL/ MONGOLIA နဲ့ 272 လို့ ရေးထားကာ ကျောဘက်မှာလည်း ဆိုလာပြားငယ်ပါ ကိရိယာတစ်ခု တပ်ဆင်ပေးထားပါတယ်။

ဒေါက်တာ နော်မေလေးသန့်ရဲ့ ရှင်းပြချက်အရ ORNITH LAB က ငှက်ဘာသာဗေဒ ဓာတ်ခွဲခန်းဆိုင်ရာ ဌာနခွဲအမည်၊ INST-BIOL က ဇီဝဗေဒဆိုင်ရာ တက္ကသိုလ်၊ MONGOLIA က နိုင်ငံ အမည်ဖြစ်ကြောင်း၊ လင်းယုန်ငှက်နဲ့ သုတေသနလုပ်တဲ့ သဘော ဖြစ်နိုင်ကြောင်း၊ လင်းယုန်ငှက်ဟယ အေးတဲ့ရာသီဥတုမှာ နထိုင်ခြင်းမရှိဘဲ ပူနွေးတဲ့ ဒေသတွေကို ပြောင်းရွှေ့ နေထိုင်လေ့ရှိလို့ မွန်ဂိုလီးယားကနေ မြန်မာနိုင်ငံဘက်ကို ရောက်ရှိလာတာ ဖြစ်တယ်လို့ ပြောပါတယ်။

မြို့နယ်သစ်တော ဦးစီးအရာရှိ ဦးချစ်သန်းထွန်းနဲ့ မြို့နယ်တိရစ္ဆာန် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနက လ/ထ ကြီးကြပ်ရေးမှူး ဦးမောင်မောင်စိုးတို့ထံ လင်းယုန်ငှက်ကို လွှဲပြောင်းပေးအပ်ထားပါတယ်။

adv_banner