


………………… ။ ။ …………………

ညစဉ် စာပေဟောပြောပွဲတွေ ကျင်းပမယ်

စာပေညီလာခံ ၂၀၁၇ မတိုင်ခင် ညစဉ် စာပေဟောပြောပွဲတွေကို ရန်ကုန်မြို့၊ မဟာဗန္ဓုလပန်းခြံလမ်းရှေ့ စင်မြင့်မှာ ဒီဇင်ဘာ ၇ ရက်ကနေ ဒီဇင်ဘာ ၁၂ ရက်နေ့အထိ ကျင်းပမှာ ဖြစ်ပါတယ်။

စာပေညီလာခံ ၂၀၁၇ ဖွင့်ပွဲ အခမ်းအနားကိုတော့ ဒီဇင်ဘာ ၁၂ ရက်နေ့ ညနေ ၄ နာရီကနေ ၆ နာရီအထိ မြို့တော်ခန်းမရှေ့ စင်မြင့်မှာ ကျင်းပမှာ ဖြစ်ပါတယ်။ အဖွဲ့လိုက် စာပေဆွေးနွေးပွဲတွေကိုတော့ ရန်ကုန်မြို့၊ မင်းဓမ္မလမ်း၊ MCC ခန်းမမှာ ဒီဇင်ဘာ ၁၃ ရက်ကနေ ၁၆ ရက်နေ့အထိ ကျင်းပမှာ ဖြစ်ပါတယ်။

စာရေးဆရာ၊ ကဗျာဆရာ၊ စာပေပညာရှင် ၂၀ဝ ကျော် တက်ရောက်မှာ ဖြစ်ပြီး စိတ်ဝင်စားသူတွေလည်း တက်ရောက်နိုင်ပါတယ်။

adv_banner