


…………………… ။ ။ …………………..

မောင်တောမှာ ကျေးရွာ တာဝန်ခံတစ်ဦး အသတ်ခံရ

ရခိုင်ပြည်နယ်၊ မောင်တောမြို့၊ မကျည်းချောင်း၊ ဒုညောင်ပင်ကြီးတောင် ကျေးရွာ တာဝန်ခံကို ဒီဇင်ဘာ ၅ ရက်နေ့ ည ၉ နာရီခွဲမှာ လူနှစ်ဦးက သေနတ်နဲ့ပစ်၊ ဓားနဲ့ခုတ်လို့ သေဆုံးသွားခဲ့ပါတယ်။

ကျေးရွာတာဝန်ခံ ရှော်ဖိတ်အာမန် (၃၄ နှစ်) ရဲ့ နေအိမ်ကို လူနှစ်ဦးက ဝင်လာပြီး တိုက်ခိုက်တာကြောင့် ဝမ်းဗိုက်၊ လည်ဂုတ်၊ ညာလက်ဖျံ၊ ဘယ်ပခုံးတို့မှာ ဒဏ်ရာရပြီး အခင်းဖြစ်ပွားရာမှာပဲ သေဆုံးခဲ့ပါတယ်။

လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ည ၁၀ နာရီခွဲမှာ လာရောက် စစ်ဆေးရာ ကျည်ခွံတစ်ခုနဲ့ အိမ်နံရံအတွင်းက ကျည်ထိပ်ဖူးတစ်ခု တွေ့ရှိခဲ့ပါတယ်။

ထွက်ပြေးလွတ်မြောက်သွားတဲ့ တရားခံနှစ်ဦးကို မကျီးချောင်း နယ်မြေစခန်းက လူသတ်မှု၊ ပူးပေါင်းကြံစည်မှုတို့နဲ့ အမှုဖွင့်ထားပါတယ်။

adv_banner