႐ိုက္ႏွက္ခံရတဲ့ ဦးဣႏၵကကို NLD က က်ပ္ ၁၀ သိန္း လွဴ

ေထာက္ၾကန္႔လမ္းဆံု လမင္းသာ (၂) စားေသာက္ဆိုင္မွာ ႐ိုက္ႏွက္ခံရတဲ့ ဆရာေတာ္ ဦးဣႏၵကကို အမ်ိဳးသားဒီမိုကေရစီ အဖြဲ႔ခ်ဳပ္ (NLD) ဗဟိုအမ်ိဳးသမီး ေကာ္မတီက မေန႔က ဒီဇင္ဘာ ၆ ရက္ေန႔မွာ ေငြက်ပ္ ၁၀ သိန္း လႉဒါန္းခဲ့ပါတယ္။

ႏိုဝင္ဘာ ၂၈ ရက္ေန႔က ျဖစ္ပြားမႈမွာ ျပစ္မႈက်ဴးလြန္သူ ေအာင္မိုး (၄၅ ႏွစ္) ကို ဖမ္းမိခဲ့ၿပီး တိမ္းေရွာင္ေနတဲ့ ျမင့္ေက်ာ္ ျမင့္ေက်ာ္ (ခ) ျမင့္သိန္း (ခ) ဦးပညာသာရ (၄၃ ႏွစ္) ကို သူေပးထားတဲ့ လိပ္စာအတိုင္း လိုက္လံဖမ္းဆီးရာ ပဲခူးတိုင္း၊ လက္ပံတန္းၿမိဳ႕နယ္၊ ေအာင္လံကုန္းေက်းရြာ၊ ေအာင္ေျမေတာရေက်ာင္းမွာ ဖမ္းမိခဲ့ပါတယ္။

NLD ဗဟိုအမ်ိဳးသမီး ေကာ္မတီက ၿပီးခဲ့တဲ့ ေအာက္တိုဘာလတုန္းကလည္း ေရႊတိဂံုေစတီေတာ္အနီး ငံုးဥျပဳတ္ေရာင္းလို႔ ႏွင္ထုတ္ခံရသူ အစၥလာမ္ ဘာသာဝင္ ဦးေအာင္သန္းကိုလည္း ေဆးကုသဖို႔ က်ပ္ ခုနစ္သိန္းခြဲ ေထာက္ပံ့ခဲ့ပါေသးတယ္။
……………….. ။ ။ …………………

ရိုက်နှက်ခံရတဲ့ ဦးဣန္ဒကကို NLD က ကျပ် ၁၀ သိန်း လှူ

ထောက်ကြန့်လမ်းဆုံး လမင်းသာ (၂) စားသောက်ဆိုင်မှာ ရိုက်နှက်ခံရတဲ့ ဆရာတော် ဦးဣန္ဒကကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဗဟိုအမျိုးသမီး ကော်မတီက မနေ့က ဒီဇင်ဘာ ၆ ရက်နေ့မှာ ငွေကျပ် ၁၀ သိန်း လှူဒါန်းခဲ့ပါတယ်။

နိုဝင်ဘာ ၂၈ ရက်နေ့က ဖြစ်ပွားမှုမှာ ပြစ်မှုကျူးလွန်သူ အောင်မိုး (၄၅ နှစ်) ကို ဖမ်းမိခဲ့ပြီး တိမ်းရှောင်နေတဲ့ မြင့်ကျော် မြင့်ကျော် (ခ) မြင့်သိန်း (ခ) ဦးပညာသာရ (၄၃ နှစ်) ကို သူပေးထားတဲ့ လိပ်စာအတိုင်း လိုက်လံဖမ်းဆီးရာ ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ အောင်လံကုန်းကျေးရွာ၊ အောင်မြေတောရကျောင်းမှာ ဖမ်းမိခဲ့ပါတယ်။

NLD ဗဟိုအမျိုးသမီး ကော်မတီက ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းကလည်း ရွှေတိဂုံစေတီတော်အနီး ငုံးဥပြုတ်ရောင်းလို့ နှင်ထုတ်ခံရသူ အစ္စလာမ် ဘာသာဝင် ဦးအောင်သန်းကိုလည်း ဆေးကုသဖို့ ကျပ် ခုနစ်သိန်းခွဲ ထောက်ပံ့ခဲ့ပါသေးတယ်။

adv_banner