ငွက္ဖ်ားေရာဂါ ျဖစ္ပြားမႈ ၇၇ ရာခိုင္ႏႈန္း ေလွ်ာ့ခ်ႏိုင္

ျမန္မာႏိုင္ငံမွာ ၂၀၁၂ ခုႏွစ္နဲ႔ ၂၀၁၆ ခုႏွစ္ အခ်က္အလက္ေတြ ႏိႈင္းယွဥ္ၾကည့္ရင္ ငွက္ဖ်ားျဖစ္ပြားမႈ ၇၇ ရာခိုင္ႏႈန္း ေလွ်ာ့ခ်ႏိုင္ၿပီး ငွက္ဖ်ားေရာဂါေၾကာင့္ ေသဆံုးမႈႏႈန္း ၉၁ ရာခိုင္ႏႈန္းအထိ ေလွ်ာ့ခ်ႏိုင္ခဲ့ပါတယ္။

၂၀၁၆ ခုႏွစ္ ျမန္မာႏိုင္ငံမွာ ငွက္ဖ်ားေရာဂါ ျဖစ္ပြားမႈ ၁၁၀၁၄၆ ခုနဲ႔ ငွက္ဖ်ားေရာဂါေၾကာင့္ ေသဆံုးမႈ ၂၁ ခုသာ ရွိခဲ့တယ္လို႔ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန အၿမဲတမ္း အတြင္းဝန္ ပါေမာကၡ ေဒါက္တာ သက္ခိုင္ဝင္းက မေန႔က ဒီဇင္ဘာ ၆ ရက္ေန႔ ေနျပည္ေတာ္မွာ က်င္းပတဲ့ အာရွ-ပစိဖိတ္ ေဒသတြင္း ငွက္ဖ်ား မိတ္ဖက္ႏိုင္ငံမ်ား၏ အဆင့္ျမင့္အရာရွိႀကီးမ်ား အစည္းအေဝးမွာ ေျပာသြားပါတယ္။

အာရွနဲ႔ ပစိဖိတ္ေဒသတြင္း ငွက္ဖ်ားေရာဂါ ျဖစ္ပြားမႈဟာ ၂၀၁၅ ခုႏွစ္မွာ ၈၆ ရာခိုင္ႏႈန္းကေန ၂၀၁၆ ခုႏွစ္မွာ ၄၇ ရာခိုင္ႏႈန္းအထိ က်ဆင္းသြားပါတယ္။
……………………. ။ ။ ……………………..

ငှက်ဖျားရောဂါ ဖြစ်ပွားမှု ၇၇ ရာခိုင်နှုန်း လျှော့ချနိုင်

မြန်မာနိုင်ငံမှာ ၂၀၁၂ ခုနှစ်နဲ့ ၂၀၁၆ ခုနှစ် အချက်အလက်တွေ နှိုင်းယှဉ်ကြည့်ရင် ငှက်ဖျားဖြစ်ပွားမှု ၇၇ ရာခိုင်နှုန်း လျှော့ချနိုင်ပြီး ငှက်ဖျားရောဂါကြောင့် သေဆုံးမှုနှုန်း ၉၁ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ခဲ့ပါတယ်။

၂၀၁၆ ခုနှစ် မြန်မာနိုင်ငံမှာ ငှက်ဖျားရောဂါ ဖြစ်ပွားမှု ၁၁၀၁၄၆ ခုနဲ့ ငှက်ဖျားရောဂါကြောင့် သေဆုံးမှု ၂၁ ခုသာ ရှိခဲ့တယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်းက မနေ့က ဒီဇင်ဘာ ၆ ရက်နေ့ နေပြည်တော်မှာ ကျင်းပတဲ့ အာရှ-ပစိဖိတ် ဒေသတွင်း ငှက်ဖျား မိတ်ဖက်နိုင်ငံများ၏ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးမှာ ပြောသွားပါတယ်။

အာရှနဲ့ ပစိဖိတ်ဒေသတွင်း ငှက်ဖျားရောဂါ ဖြစ်ပွားမှုဟာ ၂၀၁၅ ခုနှစ်မှာ ၈၆ ရာခိုင်နှုန်းကနေ ၂၀၁၆ ခုနှစ်မှာ ၄၇ ရာခိုင်နှုန်းအထိ ကျဆင်းသွားပါတယ်။

adv_banner