ကေလးကို သံႀကိဳးနဲ႔ ခ်ည္ထားလို႔ ျမန္မာအမ်ိဳးသမီးကို ထိုင္း ေခၚယူသတိေပး

ထိုင္းႏိုင္ငံ၊ ဖူးခက္မွာ အသက္ ၃၃ ႏွစ္အရြယ္ ျမန္မာမိခင္တစ္ဦးဟာ ေဆာ့လြန္းတဲ့ ခုနစ္ႏွစ္အရြယ္ သမီးငယ္ကို သံႀကိဳးနဲ႔ ခ်ည္ထားတဲ့အတြက္ ထိုင္းအာဏာပိုင္ေတြက ေခၚယူသတိေပးခဲ့ပါတယ္။

ကားလမ္းေပၚ ေျပးထြက္တာမ်ိဳးေတြအထိ ေဆာ့လြန္းတဲ့အတြက္ ဂ႐ုစိုက္တဲ့အေနနဲ႔ သံႀကိဳးနဲ႔ ခ်ည္ထားတာ ျဖစ္တယ္လို႔ ျမန္မာအမ်ိဳးသမီးက ေျပာဆိုပါတယ္။ ကေလးေျခေထာက္တစ္ဖက္ကို သံႀကိဳးနဲ႔ခ်ည္ထားတဲ့ ပံုေတြ ထိုင္းလူမႈမီဒီယာေတြမွာ တက္လာၿပီးေနာက္ ေဝဖန္မႈေတြရွိတဲ့အတြက္ ဖူးခက္ ကေလးသူငယ္ႏွင့္ မိသားစု ေစာင့္ေရွာက္ေရး အႀကီးအကဲ အတ္ခ်ရာ ဆူရာကူလ္နဲ႔ တျခား တာဝန္ရွိသူေတြက မေန႔က ဒီဇင္ဘာ ၅ ရက္ေန႔မွာ အဲဒီအိမ္ကို သြားေရာက္ စစ္ေဆးခဲ့ပါတယ္။

ဒုတိယ ခင္ပြန္းနဲ႔ ေမြးတဲ့ တစ္လသားအရြယ္ ကေလးကို ေစာင့္ေရွာက္ေနရတဲ့အတြက္ ခုနစ္ႏွစ္ရြယ္ ကေလးငယ္ကို အခုလို သံႀကိဳးနဲ႔ ခ်ည္ထားတာ ျဖစ္တယ္လို႔ အတ္ခ်ရာက ေျပာပါတယ္။ မိခင္၊ ေမြးစားဖခင္နဲ႔ ကေလးငယ္ကိုပါ ဖူးခက္ ရဲစခန္းကို ေခၚၿပီး ကေလးကို အခုလို ခ်ည္ေႏွာင္ထားခြင့္ မရွိေၾကာင္း စကားျပန္ကတဆင့္ သတိေပးၿပီး ရဲစခန္းက မွတ္တမ္းယူထားလိုက္ပါတယ္။
…………………… ။ ။ ………………….

ကလေးကို သံကြိုးနဲ့ ချည်ထားလို့ မြန်မာအမျိုးသမီးကို ထိုင်း ခေါ်ယူသတိပေး

ထိုင်းနိုင်ငံ၊ ဖူးခက်မှာ အသက် ၃၃ နှစ်အရွယ် မြန်မာမိခင်တစ်ဦးဟာ ဆော့လွန်းတဲ့ ခုနစ်နှစ်အရွယ် သမီးငယ်ကို သံကြိုးနဲ့ ချည်ထားတဲ့အတွက် ထိုင်းအာဏာပိုင်တွေက ခေါ်ယူသတိပေးခဲ့ပါတယ်။

ကားလမ်းပေါ် ပြေးထွက်တာမျိုးတွေအထိ ဆော့လွန်းတဲ့အတွက် ဂရုစိုက်တဲ့အနေနဲ့ သံကြိုးနဲ့ ချည်ထားတာ ဖြစ်တယ်လို့ မြန်မာအမျိုးသမီးက ပြောဆိုပါတယ်။ ကလေးခြေထောက်တစ်ဖက်ကို သံကြိုးနဲ့ချည်ထားတဲ့ ပုံတွေ ထိုင်းလူမှုမီဒီယာတွေမှာ တက်လာပြီးနောက် ဝေဖန်မှုတွေရှိတဲ့အတွက် ဖူးခက် ကလေးသူငယ်နှင့် မိသားစု စောင့်ရှောက်ရေး အကြီးအကဲ အတ်ချရာ ဆူရာကူလ်နဲ့ တခြား တာဝန်ရှိသူတွေက မနေ့က ဒီဇင်ဘာ ၅ ရက်နေ့မှာ အဲဒီအိမ်ကို သွားရောက် စစ်ဆေးခဲ့ပါတယ်။

ဒုတိယ ခင်ပွန်းနဲ့ မွေးတဲ့ တစ်လသားအရွယ် ကလေးကို စောင့်ရှောက်နေရတဲ့အတွက် ခုနစ်နှစ်ရွယ် ကလေးငယ်ကို အခုလို သံကြိုးနဲ့ ချည်ထားတာ ဖြစ်တယ်လို့ အတ်ချရာက ပြောပါတယ်။ မိခင်၊ မွေးစားဖခင်နဲ့ ကလေးငယ်ကိုပါ ဖူးခက် ရဲစခန်းကို ခေါ်ပြီး ကလေးကို အခုလို ချည်နှောင်ထားခွင့် မရှိကြောင်း စကားပြန်ကတဆင့် သတိပေးပြီး ရဲစခန်းက မှတ်တမ်းယူထားလိုက်ပါတယ်။

adv_banner