ဖ်ာပံုမွာ ငါးဖမ္းသေဘၤာ နစ္ျမဳပ္မႈ တစ္ဦးေသ၊ ေလးဦး ေပ်ာက္ဆံုး

ဧရာဝတီတိုင္း၊ ဖ်ာပံုၿမိဳ႕နယ္မွာ မေန႔က ဒီဇင္ဘာ ၅ ရက္ မနက္ ၆ နာရီအခ်ိန္မွာ ငါးဖမ္းသေဘၤာတစ္စီး နစ္ျမဳပ္တဲ့အတြက္ တစ္ဦးေသဆံုးၿပီး ေလးဦးေပ်ာက္ဆံုးေနပါတယ္။

ေရႊပင္လယ္ (၁၅၇) ငါးဖမ္းသေဘၤာ (ဆြဲပိုက္) ေရယာဥ္ နစ္ျမဳပ္ခဲ့တာ ျဖစ္ၿပီး ငါးဖမ္းေရယာဥ္ေပၚပါ အလုပ္သားမ ၁၉ ဦးအနက္ ၁၄ ဦးကို အနီးရွိ ငါးဖမ္းသေဘၤာေတြက ကယ္ဆယ္ႏိုင္ခဲ့ၿပီး ဒလၿမိဳ႕ေန ကိုမ်ိဳးႏိုင္ကေတာ့ ေသဆံုးသြားပါတယ္။ ေပ်ာက္ဆံုးေနတဲ့ ေရလုပ္သား ေလးဦး ရွိၿပီး ငါးဖမ္းသေဘၤာေတြက ကူညီရွာေဖြေပးေနပါတယ္။

ပင္လယ္ျပင္ကေန ငါးပို႔ဖို႔ ဖ်ာပံုျမစ္အတြင္း ဝင္ခဲ့ၿပီး ငါးပို႔ၿပီးေနာက္ ပင္လယ္ျပင္ ျပန္အထြက္မွာ အခုလို နစ္ျမဳပ္သြားတာ ျဖစ္တယ္လို႔ ေရယာဥ္ပိုင္ရွင္ ဦးေဇာ္ဝင္းက ေျပာပါတယ္။ ေရယာဥ္ မဆင္မျခင္ ေမာင္းႏွင္သူ ပဲ့နင္း သိန္းစိုး ဖ်ာပံုၿမိဳ႕မရဲစခန္းက အမႈဖြင့္ေရးယူဖို႔ လုပ္ေဆာင္ေနပါတယ္။
…………………… ။ ။ …………………….

ဖျာပုံမှာ ငါးဖမ်းသင်္ဘော နစ်မြုပ်မှု တစ်ဦးသေ၊ လေးဦး ပျောက်ဆုံး

ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်မှာ မနေ့က ဒီဇင်ဘာ ၅ ရက် မနက် ၆ နာရီအချိန်မှာ ငါးဖမ်းသင်္ဘောတစ်စီး နစ်မြုပ်တဲ့အတွက် တစ်ဦးသေဆုံးပြီး လေးဦးပျောက်ဆုံးနေပါတယ်။

ရွှေပင်လယ် (၁၅၇) ငါးဖမ်းသင်္ဘော (ဆွဲပိုက်) ရေယာဉ် နစ်မြုပ်ခဲ့တာ ဖြစ်ပြီး ငါးဖမ်းရေယာဉ်ပေါ်ပါ အလုပ်သားမ ၁၉ ဦးအနက် ၁၄ ဦးကို အနီးရှိ ငါးဖမ်းသင်္ဘောတွေက ကယ်ဆယ်နိုင်ခဲ့ပြီး ဒလမြို့နေ ကိုမျိုးနိုင်ကတော့ သေဆုံးသွားပါတယ်။ ပျောက်ဆုံးနေတဲ့ ရေလုပ်သား လေးဦး ရှိပြီး ငါးဖမ်းသင်္ဘောတွေက ကူညီရှာဖွေပေးနေပါတယ်။

ပင်လယ်ပြင်ကနေ ငါးပို့ဖို့ ဖျာပုံမြစ်အတွင်း ဝင်ခဲ့ပြီး ငါးပို့ပြီးနောက် ပင်လယ်ပြင် ပြန်အထွက်မှာ အခုလို နစ်မြုပ်သွားတာ ဖြစ်တယ်လို့ ရေယာဉ်ပိုင်ရှင် ဦးဇော်ဝင်းက ပြောပါတယ်။ ရေယာဉ် မဆင်မခြင် မောင်းနှင်သူ ပဲ့နင်း သိန်းစိုး ဖျာပုံမြို့မရဲစခန်းက အမှုဖွင့်ရေးယူဖို့ လုပ်ဆောင်နေပါတယ်။

adv_banner