



………………… ။ ။ ……………………

ရုပ်ရှင်ညီလာခံ ကျင်းပမယ်

အလွှာပေါင်းစုံက ရုပ်ရှင်လောကသားတွေ ပါဝင်မယ့် ရုပ်ရှင်ညီလာခံကို ဒီဇင်ဘာ ၁၂ ရက်နေ့မှာ ကျင်းပမှာ ဖြစ်ပါတယ်။

အမျိုးသားကဇာတ်ရုံမှာ ကျင်းပမယ့် အဲဒီညီလာခံမှာ အလွှာ ၁၀ လွှာက အကြံပြုချက်တွေ ပါဝင်မှာ ဖြစ်ပြီး သက်ဆိုင်ရာ အလွှာတွေက ကိုယ်စားလှယ်တစ်ဦးစီက ဖတ်ကြားမှာ ဖြစ်ပါတယ်။

ရုပ်ရှင်လောကသားတွေ အနေနဲ့ ကြိုက်နှစ်သက်ရာကို အကြံပြုခွင့်ရှိပေမယ့် စည်လုံးညီညွတ်မှုကို ပြိုကွဲစေမယ့် အကြောင်းအရာ တွေကိုတော့ ခွင့်မပြုဘူးလို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်းက ပြောပါတယ်။

ညီလာခံက ရလာမယ့် အကြံပြုလွှာ ၁၀ စောင်၊ နာယကနဲ့ အဖွဲ့ဝင် ၄၅ ဦး ပါဝင်တဲ့ အကြံပြုလွှာ လက်ခံရေးကော်မတီနဲ့ ပြုစုရေးကော်မတီက အကြံပြုလွှာ တစ်စောင် တင်သွားမှာ ဖြစ်ပြီး အကြံပြုချက်တွေကို အသစ်ပြန်ရေးဆွဲမယ့် ဖွဲ့စည်းပုံမှာ ရလဒ်တွေကို ထည့်သွင်းရေးဆွဲမှာ ဖြစ်ပါတယ်။

adv_banner