


……………….. ။ ။ ………………….
Bago Book Street စာအုပ်လမ်း ဖွင့်လှစ်ရောင်းချ

ပဲခူး စာအုပ်လမ်း (Bago Book Street) ကို ပဲခူးမြို့၊ ရွှေမော်ဓော ဘုရားလမ်း အနောက်ဖက်မုခ်ရှိ ပလက်ဖောင်းပေါ်မှာ ဒီနေ့ ဒီဇင်ဘာ ၅ ရက်နေ့က စတင်ဖွင့်လှစ် ရောင်းချပါတယ်။

Bago Book Street မှာ စာအုပ်သစ်၊ စာအုပ်ဟောင်းတွေကို စာပေတိုက်တွေက လာရောက် ရောင်းချပြီး အပတ်စဉ် အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေးနေ့တွေမှာ ညနေ ၄ နာရီကနေ ည ၁၀ နာရီအထိ ရောင်းချမှာ ဖြစ်ပါတယ်။

ရေးသူ၊ ဖတ်သူ ၊ဆွေးနွေးပွဲများ၊ စာပေချစ်မြတ်နိုးသူများရဲ့ စကားဝိုင်းတွေကိုလည်း အပတ်စဉ် ထည့်သွင်းကျင်းပမှာ ဖြစ်ပါတယ်။

adv_banner