


…………………. ။ ။ …………………

ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေ) ကို ပြန်ဖွင့်

နှစ်ပေါင်းများစွာ ပိတ်ထားခဲ့ပြီးနောက် RC-2 လို့ ခေါ်ကြတဲ့ ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေ) ကို ဒီနေ့ ဒီဇင်ဘာ ၄ ရက်နေ့မှာ ပြန်ဖွင့်ပေးလိုက်ပါတယ်။

၂၀၁၇-၂၀၁၈ ပညာသင်နှစ်အတွက် ဖွင့်လိုက်တာ ဖြစ်ပြီး ရန်ကုန်တက္ကသိုလ် ပထမနှစ် ကျောင်းသား ကျောင်းသူတွေ စတင် တက်ရောက်ပါတယ်။ ရန်ကုန် တက္ကသိုလ်၊ ဝိဇ္ဇာ၊ သိပ္ပံ စာသင်ခန်းတွေကို ၁၇ နှစ်ကြာ ပိတ်ထားပြီးနောက် ၂၀၁၃-၂၀၁၄ ပညာသင်နှစ်မှာ စတင်ဖွင့်လှစ်ခဲ့ပြီး အခု RC-2 ကို ဆက်လက် ဖွင့်လှစ်တာ ဖြစ်ပါတယ်။

ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေ) ထဲမှာ အချိန်ပြည့် သင်တန်းတွေ မဖွင့်ခဲ့ပေမယ့် ညနေပိုင်း အချိန်ပိုင်း ဒီပလိုမာ သင်တန်းတွေတော့ သင်ကြားပေးနေခဲ့ပါတယ်။

adv_banner