


…………………… ။ ။ …………………..

အကယ်ဒမီ မေသန်းနု အိမ်ခြံထဲ ဝင်ပြီး ကားကိုဖျက်ဆီးသူ အာမခံနဲ့ ပြန်လွတ်

အကယ်ဒမီ မေသန်းနုရဲ့ နေအိမ်ခြံဝင်းတံခါးကို ကားနဲ့ တိုက်ဖွင့်ပြီး အိမ်ရှေ့မှာ ရပ်ထားတဲ့ ကားကို ထုရိုက် ဖျက်ဆီးတဲ့ အမျိုးသားကို မြောက်ဒဂုံ ရဲစခန်းက အာမခံနဲ့ လွှတ်ပေးလိုက်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၃၀ ရက်နေ့က မြောက်ဒဂုံရှိ မေသန်းနုအိမ်မှာ မေသန်းနု ရှိနေစဉ် အခုလို ဝင်ရောက်ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။ ဒီဇင်ဘာ ၁ ရက်နေ့မှာ ရဲက အဲဒီ အမျိုးသားကို ဖမ်းဆီးခဲ့ပြီး အိမ်ကျော်နင်းမှု၊ အကျိုးပျက်စီးမှုတွေနဲ့ အမှုဖွင့်ခဲ့ပါတယ်။

အဲဒီအမျိုးသားဟာ အသက် ၅၀ ခန့်အရွယ်ရှိ စီးပွားရေးလုပ်ငန်းရှင် တစ်ဦးဖြစ်ပြီး မေသန်းနုနဲ့ ရင်းနှီးသူ ဖြစ်တယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

adv_banner