


………………….. ။ ။ ………………….
FDA ထောက်ခံချက် မရှိဘဲ ရေသန့်ထုတ်တဲ့ လုပ်ငန်း ၅၀ဝ ခန့် ရှိ

မြန်မာနိုင်ငံမှာ ရေသန့်လုပ်ငန်းပေါင်း ၁၃၀ဝ ခန့် ရှိတဲ့အနက် အစားအသောက်နှင့် ဆေးဝါးကွပ်ကွဲမှု ဦးစီးဌာန (FDA) ခွင့်ပြုမရှိဘဲ ရေသန့် ထုတ်နေတဲ့ လုပ်ငန်းရှင် ၅၀ဝ ခန့် ရှိနေပါတယ်။

FDA ထောက်ခံချက် ရရှိထားတဲ့ ရေသန့် ထုတ်လုပ်သူက ၇၉၀ ဦးသာ ရှိတယ်လို့ မြဝတီသတင်းမှာ ဖော်ပြထားပါတယ်။ FDA ထောက်ခံချက် မရရှိရင် ရေသန့် လုံးဝ ထုတ်လုပ်ရောင်းချခွင့် မရှိပါဘူး။

FDA ထောက်ခံချက် ရပေမယ့် သက်တမ်းမတိုးထားရင်လည်း လုပ်ငန်း ယာယီ ရပ်ဆိုင်းပြီး သက်တမ်း ပြန်တိုးရပါတယ်။ ထောက်ခံချက် ရရှိပြီး သက်တမ်းရှိသေးသူတွေကိုလည်း FDA က ရေနမူနာ ကောက်ယူပြီး ပြန်လည် စစ်ဆေးတာတွေ ပြုလုပ်ပေးနေပါတယ်။

adv_banner