ၿငိမ္းခ်မ္းေရး ဂီတပြဲေတာ္ Grand Final ကို ေလးဦး တက္ေရာက္ခြင့္ရ

ၿငိမ္းခ်မ္းေရး ဂီတပြဲေတာ္ ၂၀၁၇ သီခ်င္းဆိုၿပိဳင္ပြဲ Level-3 ပြဲစဥ္ (၄) ကို မေန႔က ဒီဇင္ဘာ ၃ မွာ က်င္းပခဲ့ၿပီး Grand Final ပြဲစဥ္ကို ေလးဦး တက္ေရာက္ခြင့္ ရသြားပါတယ္။

ရန္ကုန္ၿမိဳ႕၊ ျမန္မာ့အသံႏွင့္ ႐ုပ္ျမင္သံၾကား (MRTV) က တိုက္႐ိုက္ ထုတ္လႊင့္ ျပသမႈမွာ ျဖဴလွ၊ ေမသဇင္၊ ၾကဴၾကဴခိုင္၊ Sa Paung နဲ႔ ေမသူေက်ာ္တို႔ ယွဥ္ၿပိဳင္ခဲ့ၾကၿပီး ပရိသတ္ Voting အျပင္ ဒိုင္မ်ားရဲ႕ ေပးမွတ္တူသူ ႏွစ္ဦး Save ျဖစ္တာေၾကာင့္ ၾကဴၾကဴခိုင္၊ ျဖဴလွ၊ Sa Paung နဲ႔ ေမသူေက်ာ္တို႔ ေလးဦး Grand Final ကို တက္ေရာက္သြားတာ ျဖစ္ပါတယ္။

သူတို႔ ေလးဦးဟာ ဒီဇင္ဘာ ၁၀ ရက္ေန႔မွာ ရန္ကုန္ၿမိဳ႕၊ ျပည္သူ႔ဥယ်ာဥ္မွာ က်င္းပမယ့္ ေနာက္ဆံုးၿပိဳင္ပြဲမွာ ယွဥ္ၿပိဳင္ၾကရမွာ ျဖစ္ပါတယ္။ ပထမဆု ေငြက်ပ္သိန္း ၃၀၀၊ ဒုတိယဆု သိန္း ၂၀၀၊ တတိယဆု သိန္း ၁၀၀၊ စတုတၳဆု သိန္း ၅၀ ရရွိမွာ ျဖစ္ၿပီး Level-3 အထိေရာက္လာတဲ့ ၿပိဳင္ပြဲဝင္ထဲက က်န္ ခုနစ္ဦးလည္း ႏွစ္သိမ့္ဆုအျဖစ္ က်ပ္ သိန္း ၃၀ စီ ရရွိမွာ ျဖစ္ပါတယ္။
………………… ။ ။ ………………….

ငြိမ်းချမ်းရေး ဂီတပွဲတော် Grand Final ကို လေးဦး တက်ရောက်ခွင့်ရ

ငြိမ်းချမ်းရေး ဂီတပွဲတော် ၂၀၁၇ သီချင်းဆိုပြိုင်ပွဲ Level-3 ပွဲစဉ် (၄) ကို မနေ့က ဒီဇင်ဘာ ၃ မှာ ကျင်းပခဲ့ပြီး Grand Final ပွဲစဉ်ကို လေးဦး တက်ရောက်ခွင့် ရသွားပါတယ်။

ရန်ကုန်မြို့၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV) က တိုက်ရိုက် ထုတ်လွှင့် ပြသမှုမှာ ဖြူလှ၊ မေသဇင်၊ ကြူကြူခိုင်၊ Sa Paung နဲ့ မေသူကျော်တို့ ယှဉ်ပြိုင်ခဲ့ကြပြီး ပရိသတ် Voting အပြင် ဒိုင်များရဲ့ ပေးမှတ်တူသူ နှစ်ဦး Save ဖြစ်တာကြောင့် ကြူကြူခိုင်၊ ဖြူလှ၊ Sa Paung နဲ့ မေသူကျော်တို့ လေးဦး Grand Final ကို တက်ရောက်သွားတာ ဖြစ်ပါတယ်။

သူတို့ လေးဦးဟာ ဒီဇင်ဘာ ၁၀ ရက်နေ့မှာ ရန်ကုန်မြို့၊ ပြည်သူ့ဥယျာဉ်မှာ ကျင်းပမယ့် နောက်ဆုံးပြိုင်ပွဲမှာ ယှဉ်ပြိုင်ကြရမှာ ဖြစ်ပါတယ်။ ပထမဆု ငွေကျပ်သိန်း ၃၀ဝ၊ ဒုတိယဆု သိန်း ၂၀ဝ၊ တတိယဆု သိန်း ၁၀ဝ၊ စတုတ္ထဆု သိန်း ၅၀ ရရှိမှာ ဖြစ်ပြီး Level-3 အထိရောက်လာတဲ့ ပြိုင်ပွဲဝင်ထဲက ကျန် ခုနစ်ဦးလည်း နှစ်သိမ့်ဆုအဖြစ် ကျပ် သိန်း ၃၀ စီ ရရှိမှာ ဖြစ်ပါတယ်။

adv_banner