ဆရာ၀န္ေတြ လူနာေတြကို ေကာင္းမြန္စြာ ဆက္ဆံၾကဖို႔ ျပည္ေထာင္စုရာထူး၀န္ သတိေပး

ဆရာ၀န္ေတြ ကတိသစၥာျပဳအဓိ႒ာန္မွာ ပါ၀င္တဲ့အတိုင္း လူနာေတြကို ေကာင္းမြန္စြာ ဆက္ဆံ ေဆာင္ရြက္ၾကဖို႔ ျပည္ေထာင္စုရာထူး၀န္အဖြဲ႔ ဥကၠ႒ ေဒါက္တာ၀င္းသိမ္းက သတိေပး ေျပာၾကားလိုက္ပါတယ္။

ဒီဇင္ဘာလ ၁ ရက္ေန႔က ဗဟို၀န္ထမ္းတကၠသိုလ္ (ေအာက္ျမန္မာျပည္) မွာ က်င္းပတဲ့ အရာထမ္းေလာင္း အေျခခံ (အထူး) သင္တန္း အမွတ္စဥ္ (၈) သင္တန္းဆင္းပြဲအခမ္းအနားမွာ သင္တန္းသား အရာထမ္း လက္ေထာက္ဆရာ၀န္ေတြကို ေျပာၾကားလိုက္တာပါ။

ဒါအျပင္ ျပည္သူ႔၀န္ထမ္း ဆရာ၀န္ေတြအျဖစ္ ခန္႔အပ္တာ၀န္ေပးတဲ့ အခ်ိန္ကစတင္ၿပီး ေနရာေဒမေရြး က်န္းမာေရးေစာင့္ေရွာက္မွဳလုပ္ငန္းေတြကို အထူးအေလးထား ေဆာင္ရြက္ၾကဖို႔ကိုလည္း ထည့္သြင္းေျပာၾကားခဲ့တာျဖစ္ပါတယ္။

======================================

ဆရာဝန်တွေ လူနာတွေအပေါ် ကောင်းမွန်စွာ ဆက်ဆံကြဖို့ ပြည်ထောင်စုရာထူးဝန်သတိပေး

ဆရာဝန်တွေ ကတိသစ္စာပြုအဓိဋ္ဌာန်မှာ ပါဝင်တဲ့အတိုင်း လူနာတွေအပေါ် ကောင်းမွန်စွာ ဆက်ဆံ ဆောင်ရွက်ကြဖို့ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာဝင်းသိမ်းက သတိပေး ပြောကြားလိုက်ပါတယ်။

ဒီဇင်ဘာလ ၁ ရက်နေ့က ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) မှာ ကျင်းပတဲ့ အရာထမ်းလောင်း အခြေခံ (အထူး) သင်တန်း အမှတ်စဉ် (၈) သင်တန်းဆင်းပွဲအခမ်းအနားမှာ သင်တန်းသား အရာထမ်း လက်ထောက်ဆရာဝန်တွေကို ပြောကြားလိုက်တာပါ။

ဒါအပြင် ပြည်သူ့ဝန်ထမ်း ဆရာဝန်တွေအဖြစ် ခန့်အပ်တာဝန်ပေးတဲ့ အချိန်ကစတင်ပြီး နေရာဒေမရွေး ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေကို အထူးအလေးထား ဆောင်ရွက်ကြဖို့ကိုလည်း ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။

adv_banner