?bph6

Place your ads here!

တပ်မတော်သားတစ်ဦးရဲ့ အသက် ၈ နှစ်အရွယ်မိန်းကလေးကို အဓမ္မပြုကျင့် သေဆုံးမှု အမှုမှန်ပေါ်ပေါက်ဖို့လို

စစ်တွေမြို့က အသက် ၈ နှစ် အရွယ် မိန်းကလေးငယ်သေဆုံးမှု အမှုမှန်ပေါ်ပေါက်ရေး ထုတ်ဖော်ပေးဖို့ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB က ကြေညာချက် ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။

11168024_1086783858016671_1181048929555397943_n

စစ်တွေမြို့၊ ဓည၀တီ (က) ရပ်ကွက်နေ မဌေးဌေးစံ တပ်မတော်သားတစ်ဦးရဲ့ အဓမ္မပြုကျင်တာ ခံရပြီး အောက်တိုဘာလ ၂၁ ရက်နေ့က ရန်ကုန်ဆေးရုံကြီးမှာ ကွယ်လွန်ခဲ့ရတဲ့အပေါ် WLB က ကြေညာချက် ထုတ်ပြန် တောင်းဆိုလိုက်တာပါ။

အဖ ဦးအောင်လှစိန်၊ အမိ ဒေါ်ခင်ထွေးရီ (ကွယ်လွန်) တို့ရဲ့ သမီးဖြစ်သူ မဌေးဌေးစံ (အသက် ၈ နှစ်) ကို စစ်တွေမြို့၊ ခြေမြန်တပ်ရင်း အမှတ် (၃၅၄) မှာ တာဝန်ထမ်းဆောင်နေတဲ့ ဒုတပ်ကြပ် နေ၀င်းအောင်ဆိုသူက စက်တင်ဘာလ ၂၂ ရက်နေ့ ညပိုင်းက အဓမ္မပြုကျင့် ခံခဲ့ရတယ်လို့ အဲ့ဒီ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ပြစ်မှုကျူးလွန်သူကို စစ်တွေမြို့နယ် ရဲတပ်ဖွဲ့ ဖမ်းဆီးနိုင်ခဲ့ပြီး စစ်တွေမြို့ အမှတ် (၁) ရဲစခန်းမှာ ချုပ်နှောင်ထားခဲ့ပြီး ၃ ရက်မြောက်နေ့ စက်တင်ဘာလ ၂၅ ရက်နေ့မှာတော့ စစ်ခုံရုံးမှာ စစ်ဆေးအရေးယူမယ်ဆိုတဲ့ အချက်နဲ့ မိခင်တပ်ရင်းက တောင်းဆိုလာတာကြောင့် သူ တာဝန်ကျရာ ခြေမြန်တပ်ရင်း အမှတ် (၃၅၄) ကို ရဲတပ်ဖွဲ့က လွှဲပြောင်းပေးခဲ့တာပါ။

ဒီအပေါ်ကို အမှုမှန်ပေါ်ပေါက်ရေးနဲ့ ကျူးလွန်သူကို အမြန်ဆုံး ထိရောက်စွာ အရေးယူဆောင်ရွက်ပေးဖို့ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB က တောင်းဆိုထားပါတယ်။

adv_banner