ပုံစံ (၃-က) နဲ့ မဲပေးခွင့် လျှောက်ထားသူ တစ်သန်းကျော်ရှိဟုဆို

နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပပြုလုပ်မယ့် ပါတီစုံအထွေထွေရွေးကောက်ပွဲမှာ ဆန္ဒမဲပေးနိုင်ဖို့အတွက် ပုံစံ (၃-က) နဲ့ လျှောက်ထားသူ တစ်သန်းကျော်ရှိတယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က သတင်းထုတ်ပြန်လာပါတယ်။

BN-JH086_0708MY_E_20150708053509

အောက်တိုဘာလ ၂၃ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ကြေညာတဲ့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရဲ့ သတင်းထုတ်ပြန်ချက်ထဲမှာတော့ ရန်ကုန်တိုင်း ဒေသကြီးထဲမှာ ၆ သိန်းကျော်၊ မန္တလေးတိုင်းဒေသကြီးထဲမှာ ၁ သိန်းကျော်၊ ကချင်ပြည်နယ်တွင် ၇ သောင်းကျော်၊ ရှမ်းပြည်နယ်မှာ ၆ သောင်းနီးပါရှိခဲ့ပြီး အခြားပြည်ထောင်စု နယ်မြေတွေအတွင်းမှာတော့ ၄ သောင်း ၅ ထောင်ကျော် ရှိတယ်လို့ ဖော်ပြထားတာပါ။

သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေ ၁၀ ပါ ပြဋ္ဌဌာန်းချက်တွေနဲ့ အညီ အနည်းဆုံးရက်ပေါင်း ၁၈၀ ထက်မနည်း မဲဆန္ဒနယ် ပြင်ပရောက် မဲဆန္ဒရှင်တွေ ဆန္ဒမဲပေးနိုင်ခွင့်ရရှိစေနိုင်ဖို့ အောက်တိုဘာလ ၁၀ ရက်နေ့ နောက်ဆုံးထား လျှောက်ဖို့ ကော်မရှင်က ဇူလိုင်လ ၁၀ ရက်နေ့ကစတင်ပြီး ၃ လကြာ ခွင့်ပြုခဲ့တာဖြစ်ပါတယ်။

adv_banner