လွှတ်တော်အစည်းအဝေးတွေ ပြန်စမယ်

 

ရွေးကောက်ပွဲအပြီး တစ်ပတ်ကျော်အကြာမှာ ကျင်းပနေဆဲ လွှတ်တော်တွေရဲ့ ၁၃ ကြိမ်မြောက် ပုံမှန်အစည်းဝေးတွေကို ပြန်လည်စတင်ဖို့ လွှတ်တော်ဥက္ကဌတွေက ခေါ်ယူလိုက်ပါတယ်။

HLUTTAW

နိုဝင်ဘာလ (၁၆) ရက် တနင်္လာနေ့မှာ စတင်နိုင်ဖို့ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ဥက္ကဌတွေနဲ့ ပြည်ထောင်စုလွှတ်တော် နာယက က အောက်တိုဘာလ ၂၄ ရက်နေ့ ရက်စွဲနဲ့ ခေါ်ယူလိုက်တာပါ။

ဒါကြောင့် လွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့ နိုဝင်ဘာလ ၁၄ ရက်နေ့နဲ့ ၁၅ ရက်နေ့မှာ နေပြည်တော်ရှိ ရုံးအမှတ် ၂၀ လွှတ်တော်ရုံးကို သတင်းပို့ကြဖို့ကိုလည်း နှိုးဆော်ထားပါတယ်။

adv_banner