





>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ပြည်တွင်း တိုက်ခိုက်မှု မရှိ၊ ပြည်ပတိုက်ခိုက်မှုပိုများနေဟု ဒေါ်အောင်ဆန်းစုကြည်ပြောပြီ ပြည်တွင်း တိုက်ခိုက်မှု မရှိ၊ ပြည်ပတိုက်ခိုက်မှုပိုများနေဟု ဒေါ်အောင်ဆန်းစုကြည်ပြောပြီ

နိုင်ငံတော်အာဏာကို လွှဲပြောင်းရယူပြီးနောက်ပိုင်း ပြည်တွင်း တိုက်ခိုက်မှု မရှိတော့ပဲ ပြည်ပတိုက်ခိုက်မှုပိုများနေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီး Hon.Rex Tillerson ကို နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနမှာ လက်ခံတွေ့ဆုံမှုအပြီး ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်တာပါ။

အဲ့ဒီလိုပြောကြားရာမှာတော့ ဒေါ်အောင်ဆန်းစုကြည်က အရင်က ပြည်တွင်းမှာရော ပြည်ပမှာပါ တိုက်ခိုက်ခံခဲ့ပေမယ့် အခုအခါမှာ ပြည်တွင်း တိုက်ခိုက်မှု မရှိသလောက်ဖြစ်သွားပြီး ပြည်ပတိုက်ခိုက်မှုများနေတယ်လို့ ပြောကြားခဲ့တာပါ။

ဒါအပြင် နိုင်ငံရေးတဲ့နေရာမှာ သြဇာကြီးမားဖို့ မဟုတ်ဘဲ မြန်မာနိုင်ငံရဲ့ တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ် အေးချမ်းရေးနဲ့ စီးပွားရေးဖွံ့ဖြိုးတိုး တက်မှုရဲ့ အသီးအပွင့်တွေကို ပြည်သူတွေ ခံစားရဖို့အတွက်ဖြစ်ကာ အတိုက်အခိုက်ခံရတာဟာ အထူးအဆန်းမဟုတ်ဘူးလို့လည်း ထည့်သွင်းပြောကြားခဲ့တာပါ။

အလားတူ မြန်မာနိုင်ငံမှာ တရားဥပဒေ စိုးမိုးမှုရှိပါက အရေးကြီးဆုံးသော ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ဖော်ဆောင်နိုင်မယ်လို့လည်း ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။

adv_banner