ျမန္မာကို ပိတ္ဆို႔အေရးယူမႈ ဘဂၤါလီ ဒုကၡသည္ကိစၥ မေျဖရွင္းႏိုင္ဘူးလို႔ အေမရိကန္ ႏိုင္ငံျခားေရး ဝန္ႀကီး ေျပာ

ဘဂၤါလီ မြတ္စလင္ ျပႆနာနဲ႔ ပတ္သက္ၿပီး ျမန္မာႏုိင္ငံအေပၚ ပိတ္ဆုိ႔မႈေတြ ျပန္လည္ခ်မွတ္သြားဖို႔ လက္ရွိအခ်ိန္မွာ အႀကံေပးမွာ မဟုတ္ဘူးလို႔ အေမရိကန္ ႏုိင္ငံျခားေရးဝန္ႀကီး ရက္ဇ္ တီလာဆန္က ေျပာလုိက္ပါတယ္။

ဝန္ႀကီး တီလာဆန္ဟာ ဒီေန႔ ႏုိဝင္ဘာ ၁၅ ရက္ေန႔မွာ ျမန္မာႏုိင္ငံကို ပထမဆံုးအႀကိမ္ ေရာက္ရွိလာခဲ့ၿပီး ျမန္မာႏုိင္ငံေတာ္ အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္၊ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္တို႔နဲ႔ သီးျခားစီ ေဆြးေႏြးခဲ့ပါတယ္။ အေမရိကန္ ႏုိင္ငံျခားေရးဝန္ႀကီးက လူအခြင့္အေရး ခ်ိဳးေဖာက္မႈေတြနဲ႔ ပတ္သက္ၿပီး စြပ္စြဲမႈေတြအတြက္ စံုစမ္းဖုိ႔ တုိက္တြန္းခဲ့ပါတယ္။

ႏိုင္ငံေတာ္၏ အတုိင္ပင္ခံပုဂၢိဳလ္က ဘဂၤါလီ မြတ္စလင္ ျပႆနာနဲ႔ ပတ္သက္လို႔ သူ ႏႈတ္ဆိတ္ေနတာ မဟုတ္ေၾကာင္း၊ ျပႆနာနဲ႔ ပတ္သက္လို႔ စိတ္လႈပ္ရွား စရာမလုိဘဲ မွန္ကန္မႈရွိဖို႔သာ အေရးႀကီးေၾကာင္း ဒီေန႔ အေမရိကန္ ႏိုင္ငံျခားေရး ဝန္ႀကီး တီလာဆန္နဲ႔ ပူးတြဲျပဳလုပ္တဲ့ သတင္းစာ ရွင္းလင္းပြဲမွာ ေျပာသြားပါတယ္။
…………………. ။ ။ ……………………

မြန်မာကို ပိတ်ဆို့အရေးယူမှု ဘင်္ဂါလီ ဒုက္ခသည်ကိစ္စ မဖြေရှင်းနိုင်ဘူးလို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ပြော

ဘင်္ဂါလီ မွတ်စလင် ပြဿနာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုတွေ ပြန်လည်ချမှတ်သွားဖို့ လက်ရှိအချိန်မှာ အကြံပေးမှာ မဟုတ်ဘူးလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရက်ဇ် တီလာဆန်က ပြောလိုက်ပါတယ်။

ဝန်ကြီး တီလာဆန်ဟာ ဒီနေ့ နိုဝင်ဘာ ၁၅ ရက်နေ့မှာ မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် ရောက်ရှိလာခဲ့ပြီး မြန်မာနိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နဲ့ သီးခြားစီ ဆွေးနွေးခဲ့ပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက လူအခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး စွပ်စွဲမှုတွေအတွက် စုံစမ်းဖို့ တိုက်တွန်းခဲ့ပါတယ်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ဘင်္ဂါလီ မွတ်စလင် ပြဿနာနဲ့ ပတ်သက်လို့ သူ နှုတ်ဆိတ်နေတာ မဟုတ်ကြောင်း၊ ပြဿနာနဲ့ ပတ်သက်လို့ စိတ်လှုပ်ရှား စရာမလိုဘဲ မှန်ကန်မှုရှိဖို့သာ အရေးကြီးကြောင်း ဒီနေ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး တီလာဆန်နဲ့ ပူးတွဲပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

adv_banner