ျမဝတီမွာ မူးယစ္ေဆးနဲ႔ လက္နက္ခဲယမ္းေတြ မိ

ကရင္ျပည္နယ္၊ ျမဝတီၿမိဳ႕နယ္မွာ စိတ္ၾကြေဆးျပား၊ လုပ္ေသနတ္နဲ႔ က်ည္ဆန္ေတြ မေန႔က ႏိုဝင္ဘာ ၁၄ ရက္ေန႔မွာ ဖမ္းဆီးရမိခဲ့ပါတယ္။

ေဝွ႔ရွမ္းေက်းရြာ၊ အမွတ္ (၇) ရပ္ကြက္ေန လွမင္းေဇာ္ရဲ႕ ေနအိမ္ကို ရွာေဖြရာမွာ စိတ္ၾကြေဆးျပား ၁၉၂ ျပား သိမ္းဆည္းရမိတာ ျဖစ္ပါတယ္။ ကြင္းဆက္ ေဖာ္ထုတ္ခ်က္အရ ရြာသစ္ေက်းရြာေန စိုးေမာင္ (ခ) အစိုးရဲ႕ ေနအိမ္ကို ဆက္လက္ ရွာေဖြရာမွာ လုပ္ေသနတ္ အတိုတစ္လက္၊ ပြိဳင့္ ၂၂ က်ည္ဆန္ ၇ ေတာင့္၊ စိတ္ၾကြေဆးျပား ၂၁၅၃ ျပား၊ အိုက္စ္ စိတ္ၾကြေဆးျပား ၂၆၂ ဒသမ ၅ ဂရမ္တို႔ကို သိမ္းဆည္း ရမိပါတယ္။

လွမင္းေဇာ္ (၃၉ ႏွစ္) နဲ႔ စိုးေမာင္ (၄၄ ႏွစ္) တို႔ကို သဃၤန္းညီေနာင္ နယ္ေျမရဲစခန္းမွာ အမႈဖြင့္ အေရးယူထားပါတယ္။
……………….. ။ ။ ………………..

မြဝတီမှာ မူးယစ်ဆေးနဲ့ လက်နက်ခဲယမ်းတွေ မိ

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်မှာ စိတ်ကြွဆေးပြား၊ လုပ်သေနတ်နဲ့ ကျည်ဆန်တွေ မနေ့က နိုဝင်ဘာ ၁၄ ရက်နေ့မှာ ဖမ်းဆီးရမိခဲ့ပါတယ်။

ဝှေ့ရှမ်းကျေးရွာ၊ အမှတ် (၇) ရပ်ကွက်နေ လှမင်းဇော်ရဲ့ နေအိမ်ကို ရှာဖွေရာမှာ စိတ်ကြွဆေးပြား ၁၉၂ ပြား သိမ်းဆည်းရမိတာ ဖြစ်ပါတယ်။ ကွင်းဆက် ဖော်ထုတ်ချက်အရ ရွာသစ်ကျေးရွာနေ စိုးမောင် (ခ) အစိုးရဲ့ နေအိမ်ကို ဆက်လက် ရှာဖွေရာမှာ လုပ်သေနတ် အတိုတစ်လက်၊ ပွိုင့် ၂၂ ကျည်ဆန် ၇ တောင့်၊ စိတ်ကြွဆေးပြား ၂၁၅၃ ပြား၊ အိုက်စ် စိတ်ကြွဆေးပြား ၂၆၂ ဒသမ ၅ ဂရမ်တို့ကို သိမ်းဆည်း ရမိပါတယ်။

လှမင်းဇော် (၃၉ နှစ်) နဲ့ စိုးမောင် (၄၄ နှစ်) တို့ကို သင်္ဃန်းညီနောင် နယ်မြေရဲစခန်းမှာ အမှုဖွင့် အရေးယူထားပါတယ်။

adv_banner