ျမန္မာ-အေမရိကန္ အၾကမ္းဖက္မႈ တားဆီးကာကြယ္ဖို႔ ပူးေပါင္း ေဆာင္ရြက္ေရး ေဆြးေႏြး

ျမန္မာ-အေမရိကန္ ႏွစ္ႏုိင္ငံတပ္မေတာ္ေတြအၾကား အၾကမ္းဖက္မႈတားဆီးကာကြယ္ဖို႔ ပူးေပါင္း ေဆာင္ရြက္ေရး အျပန္အလွန္ေဆြးေႏြးခဲ့ၾကပါတယ္။

ျမန္မာ့တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္က ျမန္မာႏိုင္ငံကိုေရာက္ရွိေနတဲ့ အေမရိကန္ႏုိင္ငံ၊ ႏုိင္ငံျခားေရး၀န္ႀကီး Hon. Rex Tillerson ကို ႏို၀င္ဘာလ ၁၅ ရက္ေန႔က ေနျပည္ေတာ္ရွိ ေဇယ်ာသီရိဗိမာန္မွာ လက္ခံေတြ႔ဆံုစဥ္ ေဆြးေႏြးခဲ့ၾကတာပါ။

အဲ့ဒီေတြ႔ဆံုပြဲမွာေတာ့ ရခုိင္ျပည္နယ္မွာ ျဖစ္ပြားခဲ့တဲ့ အၾကမ္းဖက္ တုိက္ခုိက္မႈျဖစ္စဥ္ရဲ႕ အေျခအေနေတြ၊ ဘဂၤါလီေတြ တစ္ဖက္ႏုိင္ငံကို ထြက္ေျပးမႈ အေၾကာင္းအရင္းမွန္ေတြ၊ ဥပေဒနဲ႔အညီ ျပန္လည္ လက္ခံႏုိင္ေရးေဆာင္ရြက္မႈေတြ၊ လူသားခ်င္းစာနာေထာက္ထားတဲ့ အကူအညီေတြ မွ်တမႈရွိဖို႔ လုိအပ္တဲ့ အေျခအေနေတြအပါအ၀င္ အစုိးရနဲ႔ တပ္မေတာ္ အျပည့္အ၀ ပူးေပါင္းေဆာင္ရြက္ေနမႈကို ေဆြးေႏြးခဲ့ၾကတယ္လို႔ ျမန္မာ့တပ္မေတာ္က သတင္းထုတ္ျပန္ထားပါတယ္။
……………….. ။ ။ ………………….
မြန်မာ-အမေရိကန် အကြမ်းဖက်မှု တားဆီးကာကွယ်ဖို့ ပူးပေါင်း ဆောင်ရွက်ရေး ဆွေးနွေး

မြန်မာ-အမေရိကန် နှစ်နိုင်ငံတပ်မတော်တွေအကြား အကြမ်းဖက်မှုတားဆီးကာကွယ်ဖို့ ပူးပေါင်း ဆောင်ရွက်ရေး အပြန်အလှန်ဆွေးနွေးခဲ့ကြပါတယ်။

မြန်မာ့တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာနိုင်ငံကိုရောက်ရှိနေတဲ့ အမေရိကန်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး Hon. Rex Tillerson ကို နိုဝင်ဘာလ ၁၅ ရက်နေ့က နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်မှာ လက်ခံတွေ့ဆုံစဉ် ဆွေးနွေးခဲ့ကြတာပါ။

အဲ့ဒီတွေ့ဆုံပွဲမှာတော့ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုဖြစ်စဉ်ရဲ့ အခြေအနေတွေ၊ ဘင်္ဂါလီတွေ တစ်ဖက်နိုင်ငံကို ထွက်ပြေးမှု အကြောင်းအရင်းမှန်တွေ၊ ဥပဒေနဲ့အညီ ပြန်လည် လက်ခံနိုင်ရေးဆောင်ရွက်မှုတွေ၊ လူသားချင်းစာနာထောက်ထားတဲ့ အကူအညီတွေ မျှတမှုရှိဖို့ လိုအပ်တဲ့ အခြေအနေတွေအပါအဝင် အစိုးရနဲ့ တပ်မတော် အပြည့်အဝ ပူးပေါင်းဆောင်ရွက်နေမှုကို ဆွေးနွေးခဲ့ကြတယ်လို့ မြန်မာ့တပ်မတော်က သတင်းထုတ်ပြန်ထားပါတယ်။

adv_banner