


…………………… ။ ။ ………………………
ကော့သောင်းမြို့ ဘုရင့်နောင် ကဇာတ်ရုံဟောင်းဝင်းထဲမှာ မီးလောင်

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်၊ ရွှေဇင်ယော်ရပ်ကွက်၊ ဘုရင့်နောင် ကဇာတ်ရုံဟောင်းဝင်းအတွင်း အိမ်တစ်အိမ် မနေ့က နိုဝင်ဘာ ၁၄ ရက်မှာ မီးလောင်ခဲ့ပါတယ်။

ဦးကျော်မြင့်ဆိုသူ နေထိုင်တဲ့ ထရံကာမြေစိုက်နေအိမ် ည ၈ နာရီခွဲကျော်မှာ မီးလောင်တာဖြစ်ပြီး ဦးကျော်မြင့် အလုပ်သွားစဉ် အတူနေသူ ညီညီထွန်းနဲ့ ကျော်ညွန့်တို့ ဖယောင်းတိုင်ကို ဝါးထရံအနီး သစ်သားပေါင်ပေါ်မှာ ထွန်းကာ အရက်သောက်ကြပြီး မီးမငြှိမ်းဘဲ အပြင်ထွက်ကြလို့ မီးလောင်ခဲ့တာ ဖြစ်ပါတယ်။

မီးသတ်တပ်ဖွဲ့ မီးငြှိမ်းသတ်ခဲ့ရာမှာ ၉ နာရီ ၁၀ မိနစ်မှာ မီးငြိမ်းသွားပြီး အနီးနားကို ကူးစက်လောင်ကျွန်းခြင်း မရှိပါဘူး။ ညီညီထွန်းနဲ့ ကျော်ညွန့်တို့ကို မီးပေါ့ဆမှုနဲ့ မြို့နယ်ရဲတပ်ဖွဲ့စခန်းက အမှုဖွင့် အရေးယူထားပါတယ်။

adv_banner