ဦးပါေမာကၡ ပုဒ္မ ၅၀၅ (ခ) အတြက္အာမခံ ပယ္ခ်ခံရ

အေမရိကန္ သံ႐ံုးေရွ႕ ဆႏၵျပမႈနဲ႔ ဖမ္းဆီးလိုက္တဲ့ မေကြးေက်ာင္း ဆရာေတာ္ ဦးပါေမာကၡကို ပုဒ္မ ၁၉ အတြက္ အာမခံေပးေပမယ့္ ပုဒ္မ ၅၀၅ (ခ) အတြက္ေတာ့ အာမခံကိုေတာ့ ပယ္ခ်လိုက္ပါတယ္။

မေန႔က ႏိုဝင္ဘာ ၁၄ မွာ ကမာရြတ္ၿမိဳ႕ တရား႐ံုးမွာ ႐ံုးထုတ္ခဲ့တာ ျဖစ္ၿပီး ပုဒ္မ ၁၉ အတြက္ က်ပ္ ၁၀ သိန္း အာမခံႏွစ္ေယာက္ ခြင့္ျပဳခဲ့ပါတယ္။ ၅၀၅ (ခ) ကေတာ့ အာမခံေပးခြင့္ မရွိတဲ့အတြက္ မေပးတာ ျဖစ္ပါတယ္။ ဦးပါေမာကၡကို အင္းစိန္ေထာင္ ျပန္ေခၚသြားၿပီး ေနာက္႐ံုးခ်ိန္းကိုေတာ့ ႏိုဝင္ဘာ ၂၁ ရက္ေန႔ကို ျပန္လည္ ခ်ိန္းဆိုထားပါတယ္။

အေမရိကန္ သံ႐ံုးေရွ႕ ဆႏၵျပမႈနဲ႔ ဖမ္းဝရမ္း ထုတ္ခံရတဲ့ ဦးပါေမာကၡဟာ ေျမာက္ဒဂံုရဲစခန္းမွာ ႏိုဝင္ဘာ ၁၂ ရက္ေန႔က ေျမယာကိစၥ ဆႏၵျပဖို႔ အေၾကာင္းၾကားစာ သြားတင္စဥ္ အဖမ္းခံရၿပီး လူဝတ္လဲခံရတာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဦးပါမောက္ခ ပုဒ်မ ၅၀၅ (ခ) အတွက်အာမခံ ပယ်ချခံရ

အမေရိကန် သံရုံးရှေ့ ဆန္ဒပြမှုနဲ့ ဖမ်းဆီးလိုက်တဲ့ မကွေးကျောင်း ဆရာတော် ဦးပါမောက္ခကို ပုဒ်မ ၁၉ အတွက် အာမခံပေးပေမယ့် ပုဒ်မ ၅၀၅ (ခ) အတွက်တော့ အာမခံကိုတော့ ပယ်ချလိုက်ပါတယ်။

မနေ့က နိုဝင်ဘာ ၁၄ မှာ ကမာရွတ်မြို့ တရားရုံးမှာ ရုံးထုတ်ခဲ့တာ ဖြစ်ပြီး ပုဒ်မ ၁၉ အတွက် ကျပ် ၁၀ သိန်း အာမခံနှစ်ယောက် ခွင့်ပြုခဲ့ပါတယ်။ ၅၀၅ (ခ) ကတော့ အာမခံပေးခွင့် မရှိတဲ့အတွက် မပေးတာ ဖြစ်ပါတယ်။ ဦးပါမောက္ခကို အင်းစိန်ထောင် ပြန်ခေါ်သွားပြီး နောက်ရုံးချိန်းကိုတော့ နိုဝင်ဘာ ၂၁ ရက်နေ့ကို ပြန်လည် ချိန်းဆိုထားပါတယ်။

အမေရိကန် သံရုံးရှေ့ ဆန္ဒပြမှုနဲ့ ဖမ်းဝရမ်း ထုတ်ခံရတဲ့ ဦးပါမောက္ခဟာ မြောက်ဒဂုံရဲစခန်းမှာ နိုဝင်ဘာ ၁၂ ရက်နေ့က မြေယာကိစ္စ ဆန္ဒပြဖို့ အကြောင်းကြားစာ သွားတင်စဉ် အဖမ်းခံရပြီး လူဝတ်လဲခံရတာ ဖြစ်ပါတယ်။

adv_banner