

ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာနိုင်ငံဆိုင်ရာ ဖိလစ်ပိုင် သံအမတ်ကြီး မစ္စတာ အက်ဒူရာဒိုနဲ့ ဇနီး၊ ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဝင်းနိုင်နဲ့ ဇနီး၊ စစ်သံမှူး ဗိုလ်မှူးကြီး ဝင်းမြတ်နဲ့ သံရုံး ဝန်ထမ်းတွေက မနီလာ အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ပို့ဆောင် နှုတ်ဆက်ကြပါတယ်။

…………………… ။ ။ …………………….

ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်ကို ပြန်လည် ရောက်ရှိ

ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြိုကမှာ ကျင်းပတဲ့ အာဆီယံထိပ်သီး အစည်းကို တက်ရောက်ခဲ့တဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့ နိုဝင်ဘာ ၁၅ ရက်နေ့မှာ နေပြည်တော်ကို ပြန်လည် ရောက်ရှိလာပြီ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာနိုင်ငံဆိုင်ရာ ဖိလစ်ပိုင် သံအမတ်ကြီး မစ္စတာ အက်ဒူရာဒိုနဲ့ ဇနီး၊ ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဝင်းနိ်ုင်နဲ့ ဇနီး၊ စစ်သံမှူး ဗိုလ်မှူးကြီး ဝင်းမြတ်နဲ့ သံရုံး ဝန်ထမ်းတွေက မနီလာ အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ပို့ဆောင် နှုတ်ဆက်ကြပါတယ်။

နေပြည်တော်ကို မွန်းလွဲ ၁၁ နာရီခွဲမှာ ရောက်ရှိကြရာ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ဒု ဝန်ကြီး ဦးမင်းသူနဲ့ တာဝန်ရှိသူတွေ၊ မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်သံရုံးနဲ့ ဖိလစ်ပိုင်သံရုံးတို့ တာဝန်ရှိသူတွေက နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ကြိုဆိုကြပါတယ်။

adv_banner