အဂၤလိပ္စာ သင္ၾကားမႈစနစ္ ေျပာင္းလဲဖို႔ အစိုးရကို တိုက္တြန္း

သူငယ္တန္းကေန အထက္တန္းအထိ အဂၤလိပ္စာကို မသင္မေနရအျဖစ္ ျပ႒ာန္းသင္ၾကားေပးေပမယ့္ ေက်ာင္းသား ေက်ာင္းသူ အမ်ားစုဟာ အဂၤလိပ္စာစြမ္းရည္ နိမ့္က်ေနလို႔ သင္ၾကားပံုစနစ္ ေျပာင္းလဲဖို႔ အစိုးရကို တိုက္တြန္းလိုက္ပါတယ္။

အ႒မတန္းက စတင္ၿပီး အဂၤလိပ္စာ သင္႐ိုးညႊန္းတမ္းေတြနဲ႔ သင္ၾကားပံု နည္းစနစ္ေတြ၊ အကဲျဖတ္စနစ္ (စာေမးပြဲ) ကို ေခတ္နဲ႔ ေလ်ာ္ညီစြာ စြမ္းရည္ ေလးမ်ိဳး (ဖတ္၊ ေရး၊ ေျပာ၊ နားေထာင္) စနစ္သို႔ ျပဳျပင္ေျပာင္းလဲဖို႔ အစိုးရကို တိုက္တြန္းေၾကာင္း ရခိုင္ျပည္နယ္ မဲဆႏၵနယ္ အမွတ္ (၁၁) က ေဒၚထုေမက ႏိုဝင္ဘာ ၁၄ ရက္ေန႔ အမ်ိဳးသားလႊတ္ေတာ္မွာ တုိက္တြန္းသြားတာ ျဖစ္ပါတယ္။

ျမန္မာႏိုင္ငံသားေတြ အဂၤလိပ္စာ အသံုးခ်ေျပာဆို ဆက္သြယ္ႏိုင္မႈ အားနည္းတဲ့အတြက္ ျပည္တြင္းမွာေတာင္ အလုပ္အကိုင္ အခြင့္အလမ္းေကာင္းေတြ လက္လြတ္ဆံုး႐ံႈးေနေၾကာင္း၊ ႏိုင္ငံတကာ ပညာသင္ဆုေတြကို ယွဥ္ၿပိဳင္ ရယူႏိုင္ေရး၊ ေကာင္းမြန္တဲ့ သက္ေမြးဝမ္းေက်ာင္း လုပ္ငန္းေတြ ရရွိေရးအတြက္ အဂၤလိပ္စာတတ္ေျမာက္ဖို႔ လိုအပ္ေၾကာင္းလည္း ေဒၚထုေမက ေျပာဆိုခဲ့ပါတယ္။

ေဒၚထုေမရဲ႕ အဆိုကို ေဆြးေႏြးလိုတဲ့ လႊတ္ေတာ္ကိုယ္စားလွယ္ေတြ အမည္တင္သြင္းႏိုင္တယ္လို႔ အမ်ိဳးသားလႊတ္ေတာ္ ဥကၠ႒ မန္းဝင္းခိုင္သန္းက ေၾကညာထားပါတယ္။
…………………. ။ ။ …………………..

အင်္ဂလိပ်စာ သင်ကြားမှုစနစ် ပြောင်းလဲဖို့ အစိုးရကို တိုက်တွန်း

သူငယ်တန်းကနေ အထက်တန်းအထိ အင်္ဂလိပ်စာကို မသင်မနေရအဖြစ် ပြဋ္ဌာန်းသင်ကြားပေးပေမယ့် ကျောင်းသား ကျောင်းသူ အများစုဟာ အင်္ဂလိပ်စာစွမ်းရည် နိမ့်ကျနေလို့ သင်ကြားပုံစနစ် ပြောင်းလဲဖို့ အစိုးရကို တိုက်တွန်းလိုက်ပါတယ်။

အဋ္ဌမတန်းက စတင်ပြီး အင်္ဂလိပ်စာ သင်ရိုးညွှန်းတမ်းတွေနဲ့ သင်ကြားပုံ နည်းစနစ်တွေ၊ အကဲဖြတ်စနစ် (စာမေးပွဲ) ကို ခေတ်နဲ့ လျော်ညီစွာ စွမ်းရည် လေးမျိုး (ဖတ်၊ ရေး၊ ပြော၊ နားထောင်) စနစ်သို့ ပြုပြင်ပြောင်းလဲဖို့ အစိုးရကို တိုက်တွန်းကြောင်း ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၁၁) က ဒေါ်ထုမေက နိုဝင်ဘာ ၁၄ ရက်နေ့ အမျိုးသားလွှတ်တော်မှာ တိုက်တွန်းသွားတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံသားတွေ အင်္ဂလိပ်စာ အသုံးချပြောဆို ဆက်သွယ်နိုင်မှု အားနည်းတဲ့အတွက် ပြည်တွင်းမှာတောင် အလုပ်အကိုင် အခွင့်အလမ်းကောင်းတွေ လက်လွတ်ဆုံးရှုံးနေကြောင်း၊ နိုင်ငံတကာ ပညာသင်ဆုတွေကို ယှဉ်ပြိုင် ရယူနိုင်ရေး၊ ကောင်းမွန်တဲ့ သက်မွေးဝမ်းကျောင်း လုပ်ငန်းတွေ ရရှိရေးအတွက် အင်္ဂလိပ်စာတတ်မြောက်ဖို့ လိုအပ်ကြောင်းလည်း ဒေါ်ထုမေက ပြောဆိုခဲ့ပါတယ်။

ဒေါ်ထုမေရဲ့ အဆိုကို ဆွေးနွေးလိုတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ အမည်တင်သွင်းနိုင်တယ်လို့ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ကြေညာထားပါတယ်။

adv_banner