NLD ဦးေဆာင္က်င္းပခဲ့တဲ့ ဘာသာေပါင္းစံုဆုေတာင္းပြဲေတြ အေျခခံဥပေဒနဲ႔ မညီဟုဆို

ၿပီးခဲ့တဲ့ ရက္ပိုင္းေတြက NLD ပါတီက ဦးေဆာင္က်င္းပခဲ့တဲ့ ဘာသာေပါင္းစံုဆုေတာင္းပြဲေတြဟာ ဖြဲ႔စည္းပံုအေျခခံဥပေဒနဲ႔ မညီတာေၾကာင့္ အေရးယူဖို႔ ႀကံ့ခိုင္ေရးပါတီ ဦးေဆာင္တဲ့ ႏိုင္ငံေရးပါတီ ၂၇ ပါတီက ေၾကညာခ်က္တစ္ေစာင္ ထုတ္ျပန္လိုက္ပါတယ္။

ႏို၀င္ဘာလ ၁၃ ရက္ေန႔ ရက္စြဲနဲ႔ ၂၇ ပါတီက ပူးတြဲ သေဘာထား ထုတ္ျပန္ေၾကညာခ်က္ကို ထုတ္ျပန္လိုက္တာပါ။ အဲ့ဒီေၾကညာခ်က္ထဲမွာေတာ့ ၿပီးခဲ့တဲ့ ေအာက္တိုဘာလအတြင္းက ရန္ကုန္၊ မႏၱေလး၊ ေတာင္ႀကီးနဲ႔ ပုသိမ္အစရွိတဲ့ ၿမိဳ႕ႀကီးေတြမွာ တစ္ၿပိဳင္တည္း က်င္းပခဲ့တဲ့ ဘာသာေပါင္းစံုဆုေတာင္းပြဲေတြမွာ NLD ပါတီရဲ႕ ေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ဓာတ္ပံု အသံုးျပဳခဲ့တာ၊ ပါတီရဲ႕ အလံနဲ႔ အမွတ္တံဆိပ္ေတြကို အသံုးျပဳတာစတဲ့ အခ်က္ေတြကို ေထာက္ျပထားတာပါ။

အဲ့ဒီအခ်က္အလက္ေတြအရ NLD ပါတီဟာ ဖြဲ႔စည္းပံုအေျခခံဥပေဒအပါအ၀င္ ႏိုင္ငံေရးပါတီ ဥပေဒေတြကို ဆန္႔က်င္ၿပီး ႏိုင္ငံေရးကိစၥအလို႔ငွာ ဘာသာ သာသနာကို အလြဲသံုးစားျပဳတယ္လို႔ ေကာက္ယူတယ္လို႔လည္း ေဖာ္ျပထားပါတယ္။

ဒါေၾကာင့္ NLD ပါတီကို ဖြဲ႔စည္းပံုအေျခခံဥပေဒအပါအ၀င္ ႏိုင္ငံေရးပါတီမ်ား မွတ္ပံုတင္ျခင္းဥပေဒနဲ႔အညီ အေရးယူဖို႔ကိုလည္း ျပည္ေထာင္စု ေရြးေကာက္ပြဲ ေကာ္မရွင္ရဲ႕ တာ၀န္ျဖစ္တယ္လို႔လည္း ေဖာ္ျပထားတာပါ။ ဒါ့အျပင္ အဲ့ဒီလိုေဆာင္ရြက္ခဲ့တာေတြနဲ႔ပတ္သက္ၿပီး လႊတ္ေတာ္ေတြမွာလည္း အဆိုေတြ၊ ေမးခြန္းေတြကို ေမးျမန္းတင္သြားမယ္လို႔လည္း သေဘာထား ထုတ္ျပန္ေၾကညာထားပါတယ္။
………………….. ။ ။ ………………….

NLD ဦးဆောင်ကျင်းပခဲ့တဲ့ ဘာသာပေါင်းစုံဆုတောင်းပွဲတွေ အခြေခံဥပဒေနဲ့ မညီဟုဆို

ပြီးခဲ့တဲ့ ရက်ပိုင်းတွေက NLD ပါတီက ဦးဆောင်ကျင်းပခဲ့တဲ့ ဘာသာပေါင်းစုံဆုတောင်းပွဲတွေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မညီတာကြောင့် အရေးယူဖို့ ကြံ့ခိုင်ရေးပါတီ ဦးဆောင်တဲ့ နိုင်ငံရေးပါတီ ၂၇ ပါတီက ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။

နိုဝင်ဘာလ ၁၃ ရက်နေ့ ရက်စွဲနဲ့ ၂၇ ပါတီက ပူးတွဲ သဘောထား ထုတ်ပြန်ကြေညာချက်ကို ထုတ်ပြန်လိုက်တာပါ။ အဲ့ဒီကြေညာချက်ထဲမှာတော့ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းက ရန်ကုန်၊ မန္တလေး၊ တောင်ကြီးနဲ့ ပုသိမ်အစရှိတဲ့ မြို့ကြီးတွေမှာ တစ်ပြိုင်တည်း ကျင်းပခဲ့တဲ့ ဘာသာပေါင်းစုံဆုတောင်းပွဲတွေမှာ NLD ပါတီရဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံ အသုံးပြုခဲ့တာ၊ ပါတီရဲ့ အလံနဲ့ အမှတ်တံဆိပ်တွေကို အသုံးပြုတာစတဲ့ အချက်တွေကို ထောက်ပြထားတာပါ။

အဲ့ဒီအချက်အလက်တွေအရ NLD ပါတီဟာ ဖွဲ့စည်းပုံအခြေခံဥပဒေအပါအဝင် နိုင်ငံရေးပါတီ ဥပဒေတွေကို ဆန့်ကျင်ပြီး နိုင်ငံရေးကိစ္စအလို့ငှာ ဘာသာ သာသနာကို အလွဲသုံးစားပြုတယ်လို့ ကောက်ယူတယ်လို့လည်း ဖော်ပြထားပါတယ်။
ဒါကြောင့် NLD ပါတီကို ဖွဲ့စည်းပုံအခြေခံဥပဒေအပါအဝင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေနဲ့အညီ အရေးယူဖို့ကိုလည်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရဲ့ တာဝန်ဖြစ်တယ်လို့လည်း ဖော်ပြထားတာပါ။

ဒါ့အပြင် အဲ့ဒီလိုဆောင်ရွက်ခဲ့တာတွေနဲ့ပတ်သက်ပြီး လွှတ်တော်တွေမှာလည်း အဆိုတွေ၊ မေးခွန်းတွေကို မေးမြန်းတင်သွားမယ်လို့လည်း သဘောထား ထုတ်ပြန်ကြေညာထားပါတယ်။

adv_banner