


………………….. ။ ။ ……………………..
အာရှဖလား ခြေစစ်ပွဲ မြန်မာ့လက်ရွေးစင်အသင်း သရေကျ

၂၀၁၉ အာရှဖလား တတိယအဆင့် ခြေစစ်ပွဲ အုပ်စုပွဲစဉ် (၅) ကို မနေ့က နိုဝင်ဘာ ၁၄ မှာ ကျင်းပရာ မြန်မာ့လက်ရွေးစင်အသင်းက အိန္ဒိယလက်ရွေးစင်အသင်းကို အဝေးကွင်းမှာ နှစ်ဂိုးစီနဲ့ သရေကျခဲ့တာကြောင့် လက်ကျန် နှစ်ပွဲကို အနိုင်ကစားရမယ့် အခြေအနေ ဖြစ်နေပါတယ်။

အိန္ဒိယနိုင်ငံ၊ ဂိုအာမြို့ရှိ ဂျဝါဟာလာနေရူး အားကစားကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ကြတာ ဖြစ်ပါတယ်။ ပွဲစစချင်း ၁၃ စက္ကန့်မှာ ရန်နိုင်ဦးက ပထမဂိုးကို ခေါင်းတိုက် သွင်းယူခဲ့ပါတယ်။ ၂၁ မိနစ်မှာ အိန္ဒိယအသင်းက ပယ်နယ်တီနဲ့ ချေပဂိုး ပြန်ရခဲ့ပါတယ်။

၁၈ မိနစ်မှာတော့ ကျော်ကိုကိုက ဒုတိယဂိုးသွင်းယူခဲ့ပြီး ၆၉ မိနစ်မှာ အိန္ဒိယက ချေပဂိုး ပြန်သွင်းခဲ့တာကြောင့် မြန်မာအသင်းက အဝေးကွင်းမှာ သရေကျခဲ့တာ ဖြစ်ပါတယ်။

adv_banner