



……………………. ။ ။ …………………………..

ဗိုလ်ချုပ်လှမြင့်ဆွေ အသက် (၈၀) နှစ်ကွယ်လွန်

နအဖခေတ် အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သလို အမှတ် (၂) စက်မှုဝန်ကြီးဌာနနဲ့ ပို့ဆောင်ရေးဝန်ကြီးဌာနတို့ရဲ့ ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ဗိုလ်ချုပ်လှမြင့်ဆွေ ကွယ်လွန်သွားပြီဖြစ်ပါတယ်။

နိုဝင်ဘာလ ၁၃ ရက်နေ့က ရန်ကုန်မြို့မှာ ကွယ်လွန်ခဲ့တာပါ။ ဈာပနကိုတော့ နိုဝင်ဘာလ ၁၅ ရက်နေ့ မွန်းလွဲ ၁ နာရီမှာ ရန်ကုန်မြို့ရှိ ရေဝေးသုသာန်မှာ ဂူသွင်းသဂြိုလ်ခဲ့တာဖြစ်ပါတယ်။

ကွယ်လွန်ချိန်မှာတော့ ဗိုလ်ချုပ်လှမြင့်ဆွေဟာ အသက် ၈၀ ရှိပြီဖြစ်ပြီး ဇနီးသည် ဒေါ်စန်းစန်းမြင့်နဲ့ သားသမီး ၄ ဦး၊ မြေ ၄ ဦးတို့ ထွန်းကားခဲ့ပါတယ်။

adv_banner