ဘဂၤလားေဒ့ရွ္မွာ ဒုကၡသည္ ၅ သိန္းေက်ာ္ မွတ္ပံုတင္ၿပီး

ဘဂၤလားေဒ့ရွ္ဘက္ကို ေရာက္ေနတဲ့ မြတ္စလင္ ဒုကၡသည္ေတြကို မွတ္ပံုတင္ေပးေနရာ ႏွစ္လအတြင္း ဒုကၡသည္ ၅၁၂၀၅၈ ဦးကို ဘိုင္အိုမက္ထရစ္နည္းနဲ႔ မွတ္ပံုတင္ေပးၿပီး ျဖစ္ပါတယ္။

ေကာက္ဘဇားရွိ အူကိယနဲ႔ တကၠနတ္ဖ္တို႔မွာ ဘိုင္အိုမက္ထရစ္ စင္တာ ၇ ခု၊ စခန္း ၇၀ ခုဖြင့္ကာ စက္တင္ဘာ ၁၂ ရက္ေန႔က စၿပီး လုပ္ေဆာင္ေပးေနတာ ျဖစ္ပါတယ္။

ျမန္မာႏိုင္ငံ၊ ရခိုင္ျပည္နယ္ဘက္ကေန မြတ္စလင္ေတြ ဘဂၤလားေဒ့ရွ္ဘက္ကို ဆက္လက္ ဝင္ေရာက္ေနဆဲျဖစ္ၿပီး ဦးေရေတာ့ နည္းသြားၿပီလို႔ သတင္းထုတ္ျပန္ေရးဌာန PID က ေျပာပါတယ္။ ဘိုင္အိုမက္ထရစ္ နည္းနဲ႔ မွတ္ပံုတင္မႈဟာ ဒီႏွစ္ကုန္မွာ လက္စသတ္ႏိုင္မယ္လို႔လည္း PID က ေျပာပါတယ္။
…………………… ။ ။ …………………….

ဘင်္ဂလားဒေ့ရှ်မှာ ဒုက္ခသည် ၅ သိန်းကျော် မှတ်ပုံတင်ပြီး

ဘင်္ဂလားဒေ့ရှ်ဘက်ကို ရောက်နေတဲ့ မွတ်စလင် ဒုက္ခသည်တွေကို မှတ်ပုံတင်ပေးနေရာ နှစ်လအတွင်း ဒုက္ခသည် ၅၁၂၀၅၈ ဦးကို ဘိုင်အိုမက်ထရစ်နည်းနဲ့ မှတ်ပုံတင်ပေးပြီး ဖြစ်ပါတယ်။

ကောက်ဘဇားရှိ အူကိယနဲ့ တက္ကနတ်ဖ်တို့မှာ ဘိုင်အိုမက်ထရစ် စင်တာ ၇ ခု၊ စခန်း ၇၀ ခုဖွင့်ကာ စက်တင်ဘာ ၁၂ ရက်နေ့က စပြီး လုပ်ဆောင်ပေးနေတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်ဘက်ကနေ မွတ်စလင်တွေ ဘင်္ဂလားဒေ့ရှ်ဘက်ကို ဆက်လက် ဝင်ရောက်နေဆဲဖြစ်ပြီး ဦးရေတော့ နည်းသွားပြီလို့ သတင်းထုတ်ပြန်ရေးဌာန PID က ပြောပါတယ်။ ဘိုင်အိုမက်ထရစ် နည်းနဲ့ မှတ်ပုံတင်မှုဟာ ဒီနှစ်ကုန်မှာ လက်စသတ်နိုင်မယ်လို့လည်း PID က ပြောပါတယ်။

adv_banner