တိုင္းရင္းသားေဒသေတြ ဖြံ႔ၿဖိဳးေရး ဂ်ပန္က ယန္းေငြ ၁ ဘီလီယံေက်ာ္ ေထာက္ပံ့မယ္

တိုင္းရင္းသား ေဒသေတြ ဖြံ႕ၿဖိဳးတိုးတက္မႈ ကူညီေထာက္ပံ့ေပးေရး အတြက္ ဂ်ပန္ယန္းေငြ ၁ ဒသမ ၂ ဘီလီယံ ေပးမယ္လို႔ ဂ်ပန္ ဝန္ႀကီးခ်ဳပ္ ရွင္ဇိုအာေဘးက ေျပာပါတယ္။

ဖိလစ္ပိုင္ႏိုင္ငံ၊ မနီလာၿမိဳ႕ကို ေရာက္ရွိေနတဲ့ ႏုိင္ငံေတာ္၏ အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ဂ်ပန္ဝန္ႀကီးခ်ဳပ္ ရွင္ဇိုအာေဘးတို႔ မေန႔က ႏိုဝင္ဘာ ၁၄ ရက္ေန႔မွာ ေတြ႔ဆံုေဆြးေႏြးစဥ္ ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

ရခိုင္ျပည္နယ္ ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ႏုိင္ငံေတာ္၏ အတုိင္ပင္ခံပုဂၢိဳလ္ရဲ႕ ေဆာင္ရြက္ခ်က္ေတြကို ေထာက္ခံကူညီမယ့္ကိစၥ၊ ကားလမ္းေဖာက္ဖို႔နဲ႔ လွ်ပ္စစ္ပစၥည္းေတြ ထုတ္လုပ္ဖို႔ ဂ်ပန္ယမ္းေငြ ၁ ဒသမ ၅ ဘီလီယံေထာက္ပံ့ေရး ကိစၥ၊ ရဲတပ္ဖြဲ႔ဝင္ေတြကို သင္တန္းေပးေရး ကိစၥေတြလည္း ေဆြးေႏြးခဲ့ပါတယ္။
…………………. ။ ။ ………………….

တိုင်းရင်းသားဒေသတွေ ဖွံ့ဖြိုးရေး ဂျပန်က ယန်းငွေ ၁ ဘီလီယံကျော် ထောက်ပံ့မယ်

တိုင်းရင်းသား ဒေသတွေ ဖွံ့ဖြိုးတိုးတက်မှု ကူညီထောက်ပံ့ပေးရေး အတွက် ဂျပန်ယန်းငွေ ၁ ဒသမ ၂ ဘီလီယံ ပေးမယ်လို့ ဂျပန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ပြောပါတယ်။

ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့ကို ရောက်ရှိနေတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးတို့ မနေ့က နိုဝင်ဘာ ၁၄ ရက်နေ့မှာ တွေ့ဆုံဆွေးနွေးစဉ် ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ဆောင်ရွက်ချက်တွေကို ထောက်ခံကူညီမယ့်ကိစ္စ၊ ကားလမ်းဖောက်ဖို့နဲ့ လျှပ်စစ်ပစ္စည်းတွေ ထုတ်လုပ်ဖို့ ဂျပန်ယမ်းငွေ ၁ ဒသမ ၅ ဘီလီယံထောက်ပံ့ရေး ကိစ္စ၊ ရဲတပ်ဖွဲ့ဝင်တွေကို သင်တန်းပေးရေး ကိစ္စတွေလည်း ဆွေးနွေးခဲ့ပါတယ်။

adv_banner