


……………….. ။ ။ …………………

ပုသိမ်မြို့မှာ ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေး ထိုးနှံပေး

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့မှာ ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးထိုးနှံခြင်း အခမ်းအနား ကျင်းပခဲ့ပါတယ်။

ကာကွယ်ဆေးထိုးနှံခြင်းကို နိုဝင်ဘာလ ၁၅ ရက်နေ့ကနေ ၂၃ ရက်နေ့အထိ ကျောင်းအခြေပြုနဲ့ ရပ်ရွာအခြေပြု အဖြစ် အသက် ၅ နှစ်ကနေ ၁၅ နှစ်အထိ ကလေး ဆယ်သိန်းကျော်ကို ထိုးနှံပေးသွားမှာဖြစ်ပြီး ဒီဇင်ဘာလ ၁၁ ရက်နေ့ကနေ ၂၀ ရက်နေ့ အထိကတော့ အသက် ကိုးလ ကနေ ငါးနှစ်အထိ ကလေးသူငယ် ခြောက်သိန်းကျော်ကို ထိုးနှံပေးသွားမှာဖြစ်ပါတယ်။

ဧရာဝတီတိုင်းဒေသကြီး အတွင်းမှာရှိတဲ့ ကလေးသူငယ်စုစုပေါင်း ၁ ဒသမ ၆ သန်း နီးပါးကို ကာကွယ်ဆေးထိုးပေးမှာ ဖြစ်ပါတယ်။

adv_banner