စတုတၳအႀကိမ္ ျမန္မာ-ဘဂၤလားေဒ့ရွ္ နယ္ျခားေစာင့္ တပ္ဖြဲ႕မ်ား ဗဟိုအဆင့္အစည္းအေဝး က်င္းပ

စတုတၳအႀကိမ္ ျမန္မာ-ဘဂၤလားေဒ့ရွ္ နယ္ျခားေစာင့္ တပ္ဖြဲ႔မ်ား လံုၿခံဳေရးႏွင့္ တရားဥေပဒ စိုးမိုးေရး ပူးေပါင္းေဆာင္ရြက္မႈဆိုင္ရာ ဗဟိုအဆင့္အစည္းအေဝးကို မေန႔က ႏိုဝင္ဘာ ၁၄ ရက္ေန႔ ေနျပည္ေတာ္မွာ က်င္းပပါတယ္။

ျမန္မာႏိုင္ငံ ရဲဦးစီးအရာရွိခ်ဳပ္၊ ရဲမွဴးခ်ဳပ္ မ်ိဳးေဆြဝင္းနဲ႔ အဆင့့္ျမင့္အရာရွိႀကီးေတြ၊ ႏိုင္ငံျခားေရးဝန္ႀကီးဌာန၊ ျပည္ထဲေရး ဝန္ႀကီးဌာန၊ ကာကြယ္ေရး ဝန္ႀကီးဌာန၊ အလုပ္သမား၊ လူမဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အား ဝန္ႀကီးဌာနတို႔က အဆင့္ျမင့္ အရာရွိႀကီးေတြနဲ႔ ဘဂၤလားေဒ့ရွ္ နယ္ျခားေစာင့္တပ္ ညႊန္ၾကားေရးမႉးခ်ဳပ္ မစၥတာ အဘူလ္ ဟူစိန္၊ ဝန္ႀကီးခ်ဳပ္႐ံုး၊ ႏိုင္ငံျခားေရး ဝန္ႀကီးဌာနတို႔က အဆင့္ျမင့္ အရာရွိႀကီးေတြ တက္ေရာက္ပါတယ္။

နယ္စပ္ေဒသ ပံုမွန္ အလံတင္ အစည္းအေဝးက်င္းပ ညွိႏိႈင္းေရး၊ သတင္းဖလွယ္ေရး၊ ARSA အၾကမ္းဖက္သမားေတြ ဖမ္းဆီးျခင္းနဲ႔ လႊဲေျပာင္းလက္ခံျခင္းဆိုင္ရာနဲ႔ နယ္စပ္ ဆက္ဆံေရး႐ံုး (BLO) အျပန္အလွန္ ဖြင့္လွစ္ထူေထာင္ေရး စတာေတြကို ေဆြးေႏြးၾကပါတယ္။
…………………. ။ ။ …………………….

စတုတ္ထအကြိမ် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် တပ်ဖွဲ့များ ဗဟိုအဆင့်အစည်းအဝေး ကျင်းပ

စတုတ္ထအကြိမ် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် တပ်ဖွဲ့များ လုံခြုံရေးနှင့် တရားဥပေဒ စိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဗဟိုအဆင့်အစည်းအဝေးကို မနေ့က နိုဝင်ဘာ ၁၄ ရက်နေ့ နေပြည်တော်မှာ ကျင်းပပါတယ်။

မြန်မာနိုင်ငံ ရဲဦးစီးအရာရှိချုပ်၊ ရဲမှူးချုပ် မျိုးဆွေဝင်းနဲ့ အဆင့်မြင့်အရာရှိကြီးတွေ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထဲရေး ဝန်ကြီးဌာန၊ ကာကွယ်ရေး ဝန်ကြီးဌာန၊ အလုပ်သမား၊ လူမဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနတို့က အဆင့်မြင့် အရာရှိကြီးတွေနဲ့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် ညွှန်ကြားရေးမှူးချုပ် မစ္စတာ အဘူလ် ဟူစိန်၊ ဝန်ကြီးချုပ်ရုံး၊ နိုင်ငံခြားရေး ဝန်ကြီးဌာနတို့က အဆင့်မြင့် အရာရှိကြီးတွေ တက်ရောက်ပါတယ်။

နယ်စပ်ဒေသ ပုံမှန် အလံတင် အစည်းအဝေးကျင်းပ ညှိနှိုင်းရေး၊ သတင်းဖလှယ်ရေး၊ ARSA အကြမ်းဖက်သမားတွေ ဖမ်းဆီးခြင်းနဲ့ လွှဲပြောင်းလက်ခံခြင်းဆိုင်ရာနဲ့ နယ်စပ် ဆက်ဆံရေးရုံး (BLO) အပြန်အလှန် ဖွင့်လှစ်ထူထောင်ရေး စတာတွေကို ဆွေးနွေးကြပါတယ်။

adv_banner