တ႐ုတ္သံ႐ံုးက ေမရီခ်က္ (ပ္) မင္း ေက်ာင္းကို သိန္း ၆၀၀ ဖိုး စားေသာက္ကုန္ေတြ လွဴ

ျမန္မာႏိုင္ငံဆိုင္ရာ တ႐ုတ္သံ႐ံုးက ရန္ကုန္ၿမိဳ႕ရွိ ေမရီခ်က္ (ပ္) မင္း နားမၾကားေသာ ကေလးမ်ားေက်ာင္းကို ေငြက်ပ္ သိန္း ၆၀၀ တန္ဖိုးရွိ စားေသာက္ကုန္ေတြ လွဴဒါန္းခဲ့ပါတယ္။

တ႐ုတ္သံ႐ံုးနဲ႔ စီးတီးမတ္တို႔ ပူးေပါင္းၿပီး ကေလးေတြအတြက္ လိုအပ္ေနတဲ့ စားေသာက္ကုန္ေတြကို လွဴဒါန္းတာျဖစ္ပါတယ္။ တ႐ုတ္သံအမတ္ႀကီး မစၥတာ ဟုန္လ်န္၊ ေမရီခ်က္ (ပ္) မင္း ေက်ာင္းအုပ္ႀကီးနဲ႔ စီးတီးမတ္ ကိုယ္စားလွယ္တို႔က လွဴဒါန္းမႈနဲ႔ သက္ဆိုင္တဲ့ သေဘာတူစာခ်ဳပ္ကို လက္မွတ္ေရးထိုးပါတယ္။

ေမရီခ်က္ (ပ္) မင္း ေက်ာင္းကို ၁၉၂၀ ျပည့္ႏွစ္မွာ ၿဗိတိန္က မစၥ ေမရီခ်က္ (ပ္) မင္းက နားမၾကားတဲ့ ကေလးေတြ ျပဳစုပ်ိဳးေထာင္ေပးဖို႔ တည္ေထာင္ခဲ့တာ ျဖစ္ပါတယ္။ အသက္ ေျခာက္ႏွစ္အရြယ္ကစၿပီး ေက်ာင္းသားသစ္ လက္ခံၿပီး ခုႏွစ္တန္းအထိ ပညာသင္ၾကားေပးေနပါတယ္။
……………………. ။ ။ ………………………

တရုတ်သံရုံးက မေရီချက် (ပ်) မင်း ကျောင်းကို သိန်း ၆၀ဝ ဖိုး စားသောက်ကုန်တွေ လှူ

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ရန်ကုန်မြို့ရှိ မေရီချက် (ပ်) မင်း နားမကြားသော ကလေးများကျောင်းကို ငွေကျပ် သိန်း ၆၀ဝ တန်ဖိုးရှိ စားသောက်ကုန်တွေ လှူဒါန်းခဲ့ပါတယ်။

တရုတ်သံရုံးနဲ့ စီးတီးမတ်တို့ ပူးပေါင်းပြီး ကလေးတွေအတွက် လိုအပ်နေတဲ့ စားသောက်ကုန်တွေကို လှူဒါန်းတာဖြစ်ပါတယ်။ တရုတ်သံအမတ်ကြီး မစ္စတာ ဟုန်လျန်၊ မေရီချက် (ပ်) မင်း ကျောင်းအုပ်ကြီးနဲ့ စီးတီးမတ် ကိုယ်စားလှယ်တို့က လှူဒါန်းမှုနဲ့ သက်ဆိုင်တဲ့ သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးပါတယ်။

မေရီချက် (ပ်) မင်း ကျောင်းကို ၁၉၂၀ ပြည့်နှစ်မှာ ဗြိတိန်က မစ္စ မေရီချက် (ပ်) မင်းက နားမကြားတဲ့ ကလေးတွေ ပြုစုပျိုးထောင်ပေးဖို့ တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ အသက် ခြောက်နှစ်အရွယ်ကစပြီး ကျောင်းသားသစ် လက်ခံပြီး ခုနှစ်တန်းအထိ ပညာသင်ကြားပေးနေပါတယ်။

adv_banner