


…………………. ။ ။ …………………..

ယာဉ်မောင်းအလုပ်အတွက် အင်ဂျင်နီယာကျောင်းဆင်း သတ်မှတ်ချက်ကို ကန့်ကွက်

ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးဌာနက ခေါ်ယူခဲ့တဲ့ ယာဉ်မောင်းရာထူး လေးနေရာအတွက် ပညာအရည်အချင်း သတ်မှတ်ချက်မှာ AGTI (EP, EC, MP, MT) လို့ သတ်မှတ်ခေါ်ယူခဲ့တာကို GTI ကျောင်းသားဟောင်းများ အသင်းက တရားဝင် ကန့်ကွက်ကြောင်း ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၁ ရက်နေ့က နိုင်ငံပို င်သတင်းစာ တစ်စောင်ဖြစ်တဲ့ ကြေးမုံသတင်းစာမှာ ယာဉ်မောင်း လေးနေရာအတွက် အလုပ်ခေါ်ရာမှာ တက္ကသိုလ်မှ ဘွဲ့တစ်ခုခု ရရှိပြီးသူ သို့မဟုတ် ပညာအရည်အချင်း သတ်မှတ်ချက်မှာ AGTI (EP, EC, MP, MT) လို့ သတ်မှတ်ခေါ်ယူခဲ့တာပါ။

အင်ဂျင်နီယာ ကျောင်းဆင်းတွေကို အခုလို ယာဉ်မောင်းအလုပ် ခေါ်တာဟာ နိုင်ငံရဲ့ ပညာရေးဆိုင်ရာ မူဝါဒကို ပျက်ရယ်ပြုသလို ဖြစ်နေပြီး ယာဉ်မောင်းဖို့ ပညာသင်ထားတာ မဟုတ်ကြောင်း တုံ့ပြန်ခဲ့ပါတယ်။ ဒါ့အပြင် ဝန်ကြီးဌာနအနေနဲ့ ဒီ အလုပ်ခေါ် လျောက်လွှာကို အမြန်ဆုံး ပြန်လည် ရှင်းလင်းဖို့ GTI ကျောင်းသားဟောင်းများ အသင်းရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

adv_banner