ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ လြတ္လပ္ခြင့္ ဒဗၺလင္ ဂုဏ္ျပဳဆု ျပန္႐ုတ္သိမ္းေရး ပယ္ခ်ခံရ

အိုင္ယာလန္ႏိုင္ငံ၊ ဒဗၺလင္ၿမိဳ႕က ေဒၚေအာင္ဆန္းစုၾကည္ကို ေပးအပ္ထားတဲ့ လြတ္လပ္ခြင့္ ဒဗၺလင္ ဂုဏ္ျပဳဆုကို ျပန္႐ုတ္သိမ္းဖို႔ အစည္းအေဝးမွာ အေရးေပၚ တင္ျပမႈကို ဒဗၺလင္ ၿမိဳ႕ေတာ္ ေကာင္စီက ပယ္ခ်လိုက္ပါတယ္။

ႏိုဝင္ဘာ ၁၃ ရက္ေန႔ ညေနက ၂၀၁၈ ခုႏွစ္ ဘ႑ာေရး ဘတ္ဂ်က္ မဲခြဲဖို႔ အစီအစဥ္ ေရးဆြဲပြဲမွာ ေကာင္စီဝင္ မန္းနစ္ ဖလင္းက ေဒၚေအာင္ဆန္းစုၾကည္ကို ေပးထားတဲ့ ဂုဏ္ျပဳဆု ျပန္႐ုတ္သိမ္းေရး အေရးေပၚ အဆိုကို တင္ျပခဲ့တာ ျဖစ္ပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ကို ေပးထားတဲ့ဆု ျပန္႐ုတ္သိမ္းေရးအဆို ပယ္ခ်လိုက္တာကို ဆန္႔က်င္ဆႏၵျပတဲ့အေနနဲ႔ ေဘာ္တြန္ ရတ္စ္ ေရာ့ခ္ဂီတအဖြဲ႔က ဆာ ေဘာ့ ဂဲလ္ေဒါ့ဖ္က သူ႔ကို ေပးထားတဲ့ လြတ္လပ္ခြင့္ ဒဗၺလင္ ဂုဏ္ျပဳဆုကို ျပန္အပ္လိုက္ပါတယ္။
………………… ။ ။ …………………..

ဒေါ်အောင်ဆန်းစုကြည်ရဲ့ လွတ်လပ်ခွင့် ဒဗ္ဗလင် ဂုဏ်ပြုဆု ပြန်ရုတ်သိမ်းရေး ပယ်ချခံရ

အိုင်ယာလန်နိုင်ငံ၊ ဒဗ္ဗလင်မြို့က ဒေါ်အောင်ဆန်းစုကြည်ကို ပေးအပ်ထားတဲ့ လွတ်လပ်ခွင့် ဒဗ္ဗလင် ဂုဏ်ပြုဆုကို ပြန်ရုတ်သိမ်းဖို့ အစည်းအဝေးမှာ အရေးပေါ် တင်ပြမှုကို ဒဗ္ဗလင် မြို့တော် ကောင်စီက ပယ်ချလိုက်ပါတယ်။

နိုဝင်ဘာ ၁၃ ရက်နေ့ ညနေက ၂၀၁၈ ခုနှစ် ဘဏ္ဍာရေး ဘတ်ဂျက် မဲခွဲဖို့ အစီအစဉ် ရေးဆွဲပွဲမှာ ကောင်စီဝင် မန်းနစ် ဖလင်းက ဒေါ်အောင်ဆန်းစုကြည်ကို ပေးထားတဲ့ ဂုဏ်ပြုဆု ပြန်ရုတ်သိမ်းရေး အရေးပေါ် အဆိုကို တင်ပြခဲ့တာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ပေးထားတဲ့ဆု ပြန်ရုတ်သိမ်းရေးအဆို ပယ်ချလိုက်တာကို ဆန့်ကျင်ဆန္ဒပြတဲ့အနေနဲ့ ဘော်တွန် ရတ်စ် ရော့ခ်ဂီတအဖွဲ့က ဆာ ဘော့ ဂဲလ်ဒေါ့ဖ်က သူ့ကို ပေးထားတဲ့ လွတ်လပ်ခွင့် ဒဗ္ဗလင် ဂုဏ်ပြုဆုကို ပြန်အပ်လိုက်ပါတယ်။

adv_banner