


………………….. ။ ။ …………………..

တောင်ကိုရီးယား ကေဘယ်ကြိုးကုမ္ပဏီ မြန်မာနိုင်ငံမှာ စက်ရုံ ဆောက်မယ်

တောင်ကိုရီးယား ကေဘယ်ကြိုး ကုမ္ပဏီကြီးဖြစ်တဲ့ LS Cable and System Asia ဟာ ကေဘယ်ကြိုးထုတ် စက်ရုံတစ်ရုံကို မြန်မာနိုင်ငံမှာ တည်ထောင်မယ်လို့ ဒီနေ့ နိုဝင်ဘာ ၁၄ ရက်မှာ ကြေညာပါတယ်။

LS C&S Asia ဟာ ကေဘယ်စက်ရုံတည်ဆောက်မှုကို လာမယ့်နှစ် နိုဝင်ဘာမှာ အပြီးတည်ဆောက်မှာ ဖြစ်ပါတယ်။ ၁၉၈၀ဝ စကွဲယားမီတာကျယ်တဲ့စက်ရုံကို ရန်ကုန်တိုင်း၊ သီလဝါ အထူးစက်မှုဇုန်မှာ တည်ဆာက်မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ ပြည်တွင်းဈေးကွက်မှာ ဝယ်လိုအား မြင့်တက်နေတဲ့ ဗို့အား နည်း ကေဘယ်ကြိုးကို LS C&S Asia က အဓိက ထုတ်လုပ်မယ့် ပထမဆုံးစက်ရုံ ဖြစ်လာမှာ ဖြစ်ပါတယ်။ မြန်မာ့နိုင်ငံမှာ လိုအပ်နေတဲ့ ကေဘယ်ကြိုး ၅၀ ရာခိုင်နှုန်းကို ပြည်ပကနေ တင်သွင်းနေရတာ ဖြစ်ပါတယ်။

adv_banner