ေမာင္ေတာမွာ ေျမသားနဲ႔ ဖံုးအုပ္ထားတဲ့ က်င္း တစ္က်င္း ေတြ႕ရွိ

ရခိုင္ျပည္နယ္၊ ေမာင္ေတာၿမိဳ႕နယ္မွာ အေပၚက ေျမသားဖံုးအုပ္ၿပီး သစ္ပင္စိုက္ပ်ိဳးကာ ဖံုးကြယ္ထားတဲ့ က်င္းတစ္က်င္းကို ေတြ႔ရွိခဲ့ပါတယ္။

ႏိုဝင္ဘာ ၁၃ ရက္ေန႔က ေက်ာက္ပႏၱဳရြာသားေတြက က်င္းတစ္က်င္း ေတြ႔ရွိေၾကာင္း သတင္းပို႔တဲ့အတြက္ ေက်ာက္ပႏၱဳ ရဲကင္းစခန္းနဲ႔ တပ္မေတာ္ ပူေပါင္းအဖြဲ႔က သြားေရာက္ စစ္ေဆးရာ ေစတီရြာအနီးမွာ အျမင့္ ၃ ေပခြဲ၊ အနံ ၂ ေပခန္႔ရွိ ဝင္ေပါက္နဲ႔ က်င္းတစ္က်င္းကို ေတြ႔ရွိခဲ့တာ ျဖစ္ပါတယ္။

က်င္းရဲ႕ အတြင္းပိုင္းမွာ အလ်ား ၁၅ ေပ၊ အနံ ၅ ေပ၊ အျမင့္ ၅ ေပရွိေၾကာင္း ေတြ႔ရပါတယ္။ ေျမက်င္းကို အခ်င္း ၄ လက္မရွိ သစ္လံုးတိုင္ေတြ၊ ဝါးထရံေတြ၊ မိုးကစေတြနဲ႔ ျပဳလုပ္ထားပါတယ္။
…………………. ။ ။ …………………….

မောင်တောမှာ မြေသားနဲ့ ဖုံးအုပ်ထားတဲ့ ကျင်း တစ်ကျင်း တွေ့ရှိ

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှာ အပေါ်က မြေသားဖုံးအုပ်ပြီး သစ်ပင်စိုက်ပျိုးကာ ဖုံးကွယ်ထားတဲ့ ကျင်းတစ်ကျင်းကို တွေ့ရှိခဲ့ပါတယ်။

နိုဝင်ဘာ ၁၃ ရက်နေ့က ကျောက်ပန္တုရွာသားတွေက ကျင်းတစ်ကျင်း တွေ့ရှိကြောင်း သတင်းပို့တဲ့အတွက် ကျောက်ပန္တု ရဲကင်းစခန်းနဲ့ တပ်မတော် ပူပေါင်းအဖွဲ့က သွားရောက် စစ်ဆေးရာ စေတီရွာအနီးမှာ အမြင့် ၃ ပေခွဲ၊ အနံ ၂ ပေခန့်ရှိ ဝင်ပေါက်နဲ့ ကျင်းတစ်ကျင်းကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ကျင်းရဲ့ အတွင်းပိုင်းမှာ အလျား ၁၅ ပေ၊ အနံ ၅ ပေ၊ အမြင့် ၅ ပေရှိကြောင်း တွေ့ရပါတယ်။ မြေကျင်းကို အချင်း ၄ လက်မရှိ သစ်လုံးတိုင်တွေ၊ ဝါးထရံတွေ၊ မိုးကစတွေနဲ့ ပြုလုပ်ထားပါတယ်။

adv_banner